ပြည်ပမှ ပြန်လည်ရောက်ရှိ လာသူများအား တပ်မတော်ဆေးအဖွဲ့က Covid-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးပေး



နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၇

 

 

ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား တပ်မတော်ဆေးအဖွဲ့က Covid-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးပေး နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၇ မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အတွင်းရှိ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူ များအား COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ်(၁၀)မြို့နယ်အဆောင်၌ Quarantine ထားရှိခဲ့သည်။

 


ထိုသို့ Quarantine ထားရှိသည့် ပြည်ပမှပြန်လည်ဝင်ရောက်လာသူ ၁၃၂ ဦးကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်ဆေးရုံမှ ဆရာဝန် များ၊ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ Covid-19 ရောဂါနှင့် ပတ်သက်၍ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူခြင်း၊ RDT နည်းဖြင့် စစ်ဆေးခြင်းများကို ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments