စစ်တွေမြို့ရှိ ဓညဝတီဘောလုံး အားကစားကွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် မီတာ ၄၀၀ ပြေးလမ်း Synthetic Rubber ခင်းခြင်းလုပ်ငန်း ပန္နက်တင် အခမ်းအနားပြုလုပ်



နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၇



၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ရခိုင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန စစ်တွေမြို့ရှိ ဓညဝတီဘောလုံး အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် မီတာ ၄၀၀ ပြေးလမ်း Synthetic Rubber ခင်းခြင်းလုပ်ငန်းပန္နက်တင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘောလုံးအားကစားကွင်းရှိ ရှင်းလင်းဆောင်၌ ပြုလုပ်ရာ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီး ဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်စောမြ၊ ဇေယုခိုင်ကုမ္ပဏီနှင့် Coral Akyab ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက တည်ဆောက်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။



ဆက်လက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်တိုင်းမှူးတို့က မင်္ဂလာ အချိန်တွင် သတ်မှတ်နေရာများ၌ ပန္နက်ရိုက်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေး ကြသည်။

အဆိုပါ ဓညဝတီ ဘောလုံးအားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွင် ရေစိမ့် မြောင်း ၂၁ မြောင်းအပါ ဘောလုံးကွင်း အဆင့်မြှင့်တင်ခြင်းအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍ ရေးနှစ်၊ ပြည်နယ်ဘတ်ဂျက်ရန်ပုံငွေကျပ်သိန်း ၁၅၀၀နှင့် မီတာ ၄၀၀ ပြေးလမ်း Synthetic Rubber ခင်းခြင်းလုပ်ငန်းအတွက် ငွေကျပ်သိန်း သောင်း ကျခံတည်ဆောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments