လာရောက်ဖူးမြော် ဥပ္ပါတသန္တိစေတီတော်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရှေးဘိုးစဉ်ဘောင်ဆက်ကာလက တည်းက ဗုဒ္ဓဘုရားရှင်၏ အဆုံးအမများ   ကို   လေးစားမြတ်နိုးကိုးကွယ်ရှင်သန်ထွန်းကားခဲ့ရာ ဘူမိနက်သန်နေရာအမှန် ဖြစ်ခဲ့သည်။    ခေတ်အဆက်ဆက်က တည်ထားကိုးကွယ်ခဲ့ကြသော   ဘုရားကျောင်းကန်စေတီများနှင့်  သာသနိက အဆောက်အအုံများ နိုင်ငံအနှံ့တွင် တည်ရှိနေခြင်းမှာ ဗုဒ္ဓသာသနာရောင်ဝါနေသို့ ထွန်းလင်းတောက်ပခဲ့သည့် ပုံရိပ်များပင် ဖြစ်သည်။  ထိုခေတ်ကာလက  နိုင်ငံအုပ်ချုပ်ခဲ့ကြသူများသည်   ဘုန်းတန်ခိုးကြီးမားပြီး မြတ်ဗုဒ္ဓ၏ သာသနာကို လေးစားမြတ်နိုး တန်ဖိုးထားခဲ့သည့်  အထောက်အထားများဟုလည်း ဆိုရပေမည်။

ဥပ္ပါတသန္တိစေတီတော်သည် နေပြည်တော် ပျဉ်းမနားမြို့၏ အနောက်မြောက် ဘက် ၂ မိုင် ၄ ဖာလုံခန့်အကွာ၊ သပြေ တောင်အရှေ့မြောက် ဥပုသ်တောရကျောင်း ကုန်းကြောပေါ်ရှိ မြင့်မားသောကုန်းပေါ် တွင်တည်ရှိပါသည်။ ကုန်းတော်၏အလယ် ဗဟိုတည်နေရာသည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၆ မိနစ် ၁၅ ဒသမ ၇ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၀ မိနစ် ၅၈ ဒသမ ၈ စက္ကန့်တွင်တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၅၁၉ ဒသမ ၇၆၁ ပေတွင် ရှိပါသည်။

နိုင်ငံ၏အုပ်ချုပ်ရေးယန္တရား တစ်ခုလုံးအား နေပြည်တော်သို့ ပြောင်းရွှေ့ပြီးနောက် ထိုအချိန်က နိုင်ငံ့တာဝန်ကို တာဝန် ယူခဲ့ကြသော အကြီးအကဲများက နေပြည်တော်ရှိ ရဟန်းရှင်လူပြည်သူ များအနေဖြင့် ရန်ကုန်မြို့ရှိ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ရည်မှန်းပူဇော်ဖူးမြော် ကြည်ညို နိုင်ကြစေရန်အတွက် ဤဥပ္ပါတ သန္တိစေတီတော်မြတ်ကြီးအား ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဉာဏ်တော်ထက် တစ်ပေလျော့၍ ဉာဏ်တော် ၃၂၅ ပေ အမြင့်ဆောင်သော စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် နိုင်ငံတော်သံဃ မဟာနာယကဆရာတော်ကြီးများ၏ သြဝါဒ ကိုခံယူ၍ တည်ထားပူဇော်ရန်စီစဉ်ဆောင် ရွက်ခဲ့ကြပါသည်။

နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ရဟန်းရှင်လူပြည်သူအပေါင်း ဘေးဥပဒ်အန္တရာယ်   ရန်အသွယ်သွယ်ကင်းဝေး ပြီး ကောင်းကျိုးချမ်းသာ  ကျက်သရေ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံစေရန်ရည်သန် လျက်  ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (“ဥပ္ပါတ”-ဖြစ်ပေါ်ကြုံတွေ့လာသည့် ဘေးအန္တရာယ်အားလုံးကို “သန္တိ”-ငြိမ်းအေးစေ ခြင်းဟူသော အနက်အဓိပ္ပာယ် ရယူကာ) ဟူ၍လည်းကောင်း၊ စေတီတော်တည်ထား သည့်ကုန်းတော်အား ဥပ္ပါတသန္တိကုန်း တော်ဟူ၍လည်းကောင်း ပူဇော်သမုတ်ခဲ့ ပါသည်။

ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးအား တည်ထားကိုးကွယ်ရာတွင် မြန်မာ့ထုံးတမ်း စဉ်လာများဖြစ်သည့် သာသနာဝင်ကျမ်း၊ ဗုဒ္ဓဝင်ကျမ်း၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ သတ္ထုရူပကဝိလာသနီကျမ်း၊ မြန်မာ့ရိုးရာ ပဋိမာမုဒြာသိပ္ပံကျမ်း စသည့်ကျမ်းဂန်များ နှင့်အညီ အောက်ပါနဝမင်္ဂလကမ္မမင်္ဂလာ အခမ်းအနားကိုးမျိုးဖြင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပ ဆောင်ရွက်ခဲ့ပါသည်-

(        က      ) ၄-၈-၂၀၀၆ ရက်နေ့တွင် အနန္တ ရာယိကမြေသန့်မဟာမင်္ဂလာ။

(                )         ၁၂-၁၁-၂၀၀၆ ရက်နေ့တွင် ရတနာပန္နက်တော်တင်၊ တွင်း တော်ဝန်းမဟာမင်္ဂလာ။

(               )         ၈-၂-၂၀၀၇ ရက်နေ့တွင် ရတနာ အုတ်မြစ်တော်စီမဟာမင်္ဂလာ။

(              )         ၉-၂-၂၀၀၉ ရက်နေ့တွင် သတ္တ ဌာန၊ မူလဌာပနာတော်သွင်းမဟာ မင်္ဂလာ။

(                )         ၉-၂-၂၀၀၉ ရက်နေ့တွင် အလယ် ဌာပနာတော်သွင်းမဟာမင်္ဂလာ။

(                )         ၉-၂-၂၀၀၉ ရက်နေ့တွင် ပန်းလည်တိုင်စိုက်ထူခြင်း  မဟာ မင်္ဂလာ။

(ဆ     )         ၇-၃-၂၀၀၉ ရက်နေ့တွင် အထက် ဌာပနာတော်သွင်းနှင့် ရွှေထီး တော်တင်မဟာမင်္ဂလာ။

(               )         ၈-၃-၂၀၀၉ ရက်နေ့တွင် ရတနာ စိန်ဖူးတော်နှင့် ရတနာငှက်မြတ် နားတော်တင် မဟာမင်္ဂလာ။

(               )         ၉-၃-၂၀၀၉ ရက်နေ့တွင် မြသပိတ် ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားတို့ ဖြစ်ပါသည်။

စေတီတော်ကြီး၏ ထူးခြားချက်များမှာ-

(        က)     အမြင့် ၇၃ ပေ ၈ လက်မမြင့်သော ပရိသတ် ၁၀၀၀၀ ဆံ့သည့် လိုဏ်တော်ကြီးပါဝင်ခြင်းနှင့် ပရိသတ် ၃၀၀၀၀ ဆံ့ ရင်ပြင် တော်ကြီးတည်ရှိခြင်း။

(                )         ကုန်းတော်တွင်  အရံစေတီ၊ အာရုံခံတန်ဆောင်းများ၊ ဓမ္မာရုံများ   တည်ဆောက်ထားမှုမရှိခြင်း။

(               )         ဉာဏ်တော် ၃ ပေ ၂ လက်မရှိ ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော် (၄)ဆူ ပူဇော်ထားခြင်း။

(              )         စေတီတော်၏  အရှေ့တောင် ထောင့်နှင့် အနောက်တောင် ထောင့်တို့တွင် ဓာတ်လှေကား (၄)စင်း တည်ဆောက်ထားခြင်း။

(                )         စေတီတော်တွင်   ခြင်္သေ့ရုပ်၊ ဘီလူးရုပ်များမပါခြင်း။

(                )         သီရိလင်္ကာနိုင်ငံနှင့်တရုတ်နိုင်ငံမှ လှူဒါန်းသော  ဗုဒ္ဓမြတ်စွယ်တော်ပွားနှစ်ဆူရှိခြင်း။

(              )         စေတီတော်၏အရှေ့မြောက် ထောင့်တွင် ဘုံ(၇)ဆင့်ပါသော ဂန္ဓကုဋိကျောင်းဆောင်တော် အတွင်း မဟာဆုတောင်းပြည့် ဘုရားကြီးကို ပူဇော်ထားခြင်းတို့ ဖြစ်ပါသည်။

စေတီတော်မြတ်ကြီး၏ အကျယ်အဝန်းမှာ ရင်ပြင်တော်အကျယ် ၇၀၂ ပေ၊ အလယ် ပစ္စယာအကျယ် ၈၅၅ ပေ၊ အောက် ပစ္စယာအကျယ် ၁၀၀၈ ပေ၊ ပန်းတည်ခုံ ထိပ်အကျယ် ၃၅၂ ပေ၊ ပန်းတည်ခုံအောက် ခြေအကျယ် ၃၄၂ ပေ၊ ပန်းတည်ခုံအခြေ မှ မဟာရံတံတိုင်းအထိအကျယ် ၁၈၀ ပေ ဖြစ်ပါသည်။

ထို့ပြင် စေတီတော်မြတ်ကြီး၏အရှေ့၊ အနောက်၊  တောင်၊  မြောက်  အရပ် လေးမျက်နှာတွင် စောင်းတန်းလေးသွယ်ကို လည်း တည်ဆောက်ထားရှိပြီး စေတီတော်ထဲသို့အဝင်တွင် မုခ်ဦး(၄)ခုရှိပါသည်။

စေတီတော်မြတ်ကြီး၏ ဉာဏ်တော် အမြင့်မှာ- ရင်ပြင်တော်မှ ပန်းတည်ခုံ   ၂၀ ပေ ပန်းတည်ခုံမှငှက်ပျောဖူး        ၂၆၂ ပေ ထီးတော်အမြင့်    ၄၃ ပေရင်ပြင်တော်မှ ထီးတော်အထိ  ၃၂၅ ပေ ဖြစ်ပါသည်။ စေတီတော်၏အရှေ့တောင် ထောင့်တွင် အမြင့် (၁၀၈)ပေရှိ တံခွန်တိုင် တည်ရှိပြီး အနောက်မြောက်ထောင့်တွင် အကျယ်ပေ ၅၀ ရှိ အောင်မြေလည်းတည် ရှိပါသည်။ စေတီတော်မြတ်ကြီး၏ အတွင်းပိုင်းတွင် ဗုဒ္ဓဘုရားရှင်၏ ဖွား၊ ပွင့်၊ ဟော၊ စံ အစရှိသည့် ဗုဒ္ဓပန်းချီကားများအား စကျင်ကျောက်သားပန်းချီကား(တစ်ခြမ်းဖောင်းကြွဖြင့်) ၄၈ ချပ်ပုံဖော်ထားရှိပြီး မာလ်ဘယ်ကျောက်ပြား ၂၂၈၁၉ ချပ်ဖြင့် ကြမ်းခင်း ထားရှိပါသည်။ လိုဏ်မျက်နှာကြက်တွင် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးနှင့် ၂၄ ပစ္စည်းတို့ကို ကြေးပန်းတဉ်း၊ ရွှေဇဝါယွန်းတို့ဖြင့် သွန်းလုပ်ပူဇော်ထားရှိပါသည်။

စေတီတော်၏ပရိဝုဏ်တွင် ရှင်ဥပဂုတ္တ စံကျောင်းတော်(မာလိနီမင်္ဂလာရေကန် တော်)၊ ပွင့်ရာဗောဓိ ၂၈ ပင်၊ ဗောဓိညောင်

၁၀၈ ပင်၊ ဝိသုံဂါမရွှေသိမ်တော်၊ စေတိယပါလစံကျောင်းတော်၊ သံဃာရာမကျောင်း ဆောင်(၄)ဆောင်၊ သာသနာ့ မဟာဗိမာန်တော်၊ ပြတိုက်-ပိဋကတ်တိုက်-မော်ကွန်း တိုက်၊ နားနေဇရပ်(၃)ဆောင်နှင့် ဂေါပကအဖွဲ့ရုံးတို့ကို တည်ဆောက်ထားရှိပါသည်။

ထို့ပြင် စေတီတော်၏ အနောက်မြောက်ဘက်တွင် ဗုဒ္ဓခြေတော်ရာပြတိုက်ကိုလည်း ဘုရားဖူးပြည်သူများ ဖူးမြော်နိုင်ရန်တည် ဆောက်ပူဇော်ထားရှိပါသည်။

စေတီတော်မြတ်ကြီး၏ အရှေ့ဘက်အောက်ခြေတွင်ရှိသည့် ရတနာဆင်ဖြူတော်ဆောင်တွင် ဘဒ္ဒဝတီ၊ နန္ဒဝတီ၊ ဟေမဝတီ၊ ငွေဆဒ္ဒန်၊ သီရိမာလာနှင့် ဇာတကလျာဟူ သော ရတနာဆင်ဖြူတော် ၆ စီးကို ထားရှိပြီး ဘုရားဖူးပြည်သူ များအနေဖြင့် ဆင်စာကျွေး၍ ကုသိုလ်ယူနိုင်ရန်လည်း စီစဉ်ထားရှိပါသည်။

စေတီတော်၏မြောက်ဘက်နှင့် အရှေ့ မြောက်တွင် ဗောဓိညောင်ပင်(၃)ပင်ကို လည်း စိုက်ပျိုးထားရှိပါသည်။ စေတီတော် ကြီးတည်ဆောက်ရာတွင် ၂ နှစ်၊ ၈ လ ကြာမြင့်ခဲ့ပြီး စေတီတော်၏ သာသနာ့မြေ အကျယ်မှာ ၃၂၄ ဒသမ ၄၄ ဧကရှိပါ သည်။ စေတီတော်မြတ်ကြီးနှင့်စပ်လျဉ်းသည့် လုပ်ငန်းကိစ္စရပ်များကို ဆောင်ရွက်ရာတွင် လိုအပ်သည်များကို ညွှန်ကြားနိုင်ရန် အဖွဲ့ဝင် ၆ ဦးပါဝင်သော နာယကအဖွဲ့ကို ဖွဲ့စည်းထားရှိပြီး  ဂေါပကအဖွဲ့ကိုလည်း အဖွဲ့ဝင်၇ ဦးဖြင့်ဖွဲ့စည်းထားရှိကာ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန် ရုံးအဖွဲ့မှူး ၁ ဦး၊ ဌာန ၆ ခု (စီမံရေးရာဌာန၊ ဘဏ္ဍာ

ရေးနှင့်စာရင်းအင်းဌာန၊ လုပ်ငန်းရပ်ဌာန၊ ဝတ္တကမြေသာယာရေးဌာန၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန၊ အတွင်းရေးမှူးဌာန)ခွဲ၍ အမြဲတမ်းဝန်ထမ်း ၁၃၄ ဦး၊ နေ့စားလုပ်သား ၉၄ ဦးတို့ဖြင့် စေတီတော်မြတ်ကြီး၏   သန့်ရှင်းသာယာလှပရေး၊ လုံခြုံရေးလုပ်ငန်းများကို တာဝန်ယူထိန်းသိမ်း စောင့်ရှောက်လျက်ရှိပါသည်။

မြန်မာတို့၏ နေ့ထူးနေ့မြတ်များ၊ အခါ ကြီးရက်ကြီးများဖြစ်သော တန်ခူးလတွင် နှစ်သစ်မင်္ဂလာအန္တရာယ်ကင်းပရိတ်ရွတ် ဖတ်ခြင်း၊ ကဆုန်လတွင် ညောင်ရေသွန်း ပွဲကျင်းပခြင်း၊ ဝါဆိုလတွင် ရွှေကြာသင်္ကန်း ဆက်ကပ်ပွဲနှင့် သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း၊ ဝါတွင်းကာလတွင် လပြည့်^လကွယ်နှင့် ဥပုသ်ရက်များ၌ သီလပေးခြင်း၊ သီတင်းကျွတ်လတွင် အဘိ  ဓမ္မာအခါတော်နေ့နှင့် ဆီမီး ၉၀၀၀ ပူဇော် ပွဲကျင်းပခြင်း၊   တန်ဆောင်မုန်းလတွင် ရွှေကြာသင်္ကန်းကပ်လှူခြင်းနှင့် ဆီမီး ၉၀၀၀ ပူဇော်ပွဲကျင်းပခြင်း၊ တပို့တွဲလတွင် ထမနဲထိုးပူဇော်ပွဲကျင်းပခြင်း၊ တပေါင်းလ တွင် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပခြင်း၊ သာ သနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ် လှူဒါန်းပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခြင်းနှင့် ဆီမီး ၉၀၀၀ ပူဇော်ပွဲကျင်းပ ခြင်းတို့ကို နှစ်စဉ် အစဉ်အလာမပျက် ကျင်းပလျက်ရှိပါသည်။ ထို့ပြင် လစဉ် လဆန်း ၁၁ ရက်မှ လပြည့်နေ့အထိ အသံ မစဲမဟာ ပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပခဲ့ရာ ၁၃၈၂ ခုနှစ် တပို့တွဲလအထိ (၁၂၇)ကြိမ်မြောက်အထိ  ပူဇော်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

သို့ဖြစ်ရာ နေပြည်တော်သို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိခဲ့ပါက ဥပ္ပါတသန္တိ ကုန်းတော်မြတ်တွင် တည်ထားကိုးကွယ် ထားရှိသည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုနိုင်ကြပါရန် ချစ်ကြည်လေးစားစွာ ဖိတ်မန္တက ပြုအပ်ပါသည်။

ပြည်သူများ ကြည်ညိုသဒ္ဓါ ပွားစေခြင်းငှာ  ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ဗုဒ္ဓသာသနာအဓွန့် ရှည်စွာတည်ရှိစေကြောင်း အထောက်အပံ့ ဖြစ်ကြစေခြင်းအတွက် ရေးသား တင်ပြအပ် ပါသည်။   

ညှိထွန်းလွင်

Post a Comment

0 Comments