ဝက်စ်ဟမ်းအတွက် ပွဲဦးထွက်တွင် လင်ဂတ်နှစ်ဂိုးသွင်း


 လန်ဒန်၊ ဘောလုံး

မန်ယူတွင်   နေရာမရခြင်းကြောင့် ဝက်စ်ဟမ်းသို့   အငှားဖြင့်  ပြောင်းရွှေ့ခဲ့သည့် တိုက်စစ်မှူးလင်ဂတ်သည် ဖေဖော်ဝါရီ ၃ ရက်ညက ဝက်စ်ဟမ်းအတွက် ပွဲထွက်ကစားရာ နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ဝက်စ်ဟမ်း နည်းပြ ဒေးဗစ်မိုယက်စ်က လင်ဂတ်အနေဖြင့် ထိုခြေစွမ်းကောင်းမျိုးနှင့်ဆိုလျှင် အင်္ဂလန်အသင်း၏ ယူရိုပြိုင်ပွဲ၌ အားထားရမည့် အဓိက ကစားသမားဖြစ်လာမည်ဟု ချီးကျူးခဲ့သည်။

မိုယက်စ်က “ကစားသမားသစ်တစ်ယောက်ကို ခေါ်လိုက်နိုင်ပြီး အဲဒီကစားသမားက ကောင်းကောင်း ခြေစွမ်း ပြနိုင်တယ်ဆိုရင် တကယ်ကိုအားတက်စရာပါ” ဟုပြောသည်။         

Ref:BBC

Post a Comment

0 Comments