မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ/ရပ်ကွက် စီမံအုပ်ချုပ်ရေးမှူးရုံးများ ပုံမှန်ဖွင့်လှစ်၍ အုပ်ချုပ်မှုယန္တရားများ မှန်ကန်စွာ အကောင်အထည်ဖော် ဆောင်ရွက်



နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၇

တိုင်းဒေသကြီးနှင့် မြို့နယ်များအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ရပ်ကွက်၊ ကျေးရွာစီမံအုပ်ချုပ်ရေး အဖွဲ့များ ခန့်အပ်ထားရှိမှုအပေါ် ကျေနပ်မှုမရှိသည်ကို အကြောင်းပြ၍ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးမှူးများအား ဖိအားပေးခြင်း၊ စီမံအုပ်ချုပ်ရေးမှူးရုံးများတွင် အုပ်စုဖွဲ့ပြီး ရမ်းကားဆန္ဒပြခြင်း၊ စီမံအုပ်ချုပ်ရေးရုံး ဆိုင်းဘုတ်များ ဖြုတ်ချခြင်း၊ အဖျက်အမှောင့် စာများ ရေးသား၍ ရုံးရှေ့တွင် ချိတ်ဆွဲခြင်း၊ သစ်သားချောင်း များဖြင့် ရိုတ်ပိတ်ခြင်း၊ ရုံးအဝင် တံခါးများအား သော့ခတ်ခြင်း၊ တံခါးများအား သံချောင်းများဖြင့် ဂဟေဆော် ပိတ်ခြင်းများအား မင်းမဲ့စရိုတ်ဆန်ဆန် ဆောင်ရွက်လျက်ရှိသည်။




ထိုသို့ဆောင်ရွက်လာခြင်းကြောင့် ရပ်ကွက်၊ ကျေးရွာနေ ပြည်သူလူထုများအနေဖြင့် ဥပဒေ၏ အကာအကွယ်ကို မရရှိသည့်အပြင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်မှုယန္တရားယိုယွင်းမှု များ ဖြစ်ပေါ် လာနိုင်ကြောင်း တွေ့ရှိရသဖြင့် ရပ်ကွက်၊ ကျေးရွာနေ ပြည်သူလူထုနှင့် ရပ်မိရပ်ဖ များ၏ တောင်းဆိုချက်အရ အထက်ပါ ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့် နေရာများတွင် ဆူပူမှုဖြစ်ပေါ် အောင် လှုံ့ဆော်သူများနှင့် ဆူပူမှုတွင် ပါဝင်ပတ်သက်သူများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဥပဒေမဲ့ လုပ်ရပ်များလုပ်ဆောင်ပြီး ပိတ်ထားသည့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ သံလျှက်မှော်ရပ်ကွက်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာ၊ ရွှေကြက်ယက်ကျေးရွာ၊ ညောင်ဦးမြို့နယ်၊ အရှေ့ရွာ အနောက်ရပ်ကွက်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဘူတာရပ်ကွက်နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မင်းကံကြီးရပ်ကွက်၊ မင်းဘူးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မြို့သစ်မြို့နယ်၊ မင်းရပ်ကွက်၊ နတ်မောက်မြို့နယ်၊ ဖက်သန်းတောင်ကျေးရွာ၊ တောင်တွင်းကြီးမြို့နယ်၊ မောင်းတိုင်(၂)ရပ်ကွက်နှင့် ရေနံချောင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်တို့ရှိ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးမှူးရုံးများသို့ ယနေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များက ယနေ့တွင် ရပ်မိ/ရပ်ဖများ၊ ရပ်ကွက်နေပြည်သူများနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ပြီး အုပ်ချုပ်မှုယန္တရားများ မှန်ကန်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ရပ်ကွက်^ကျေးရွာ စီမံအုပ်ချုပ်ရေး မှူးရုံးများအား ပြန်လည်ဖွင့်လှစ် ပေးနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။ 

Post a Comment

0 Comments