နိုင်ငံရေးယဉ်ကျေးမှုနှင့် သမိုင်းပေး တာဝန်ကျေပွန်ရေး

 



(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်)

တပ်မတော်သည် မြန်မာနိုင်ငံ၏ ၁၀ နှစ်တာ ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းတွင် အမျိုးသားနိုင်ငံရေးကို ဦးထိပ်ထားပြီး ပါဝင်ဆောင်ရွက်ခဲ့သည်။ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းမှ သွေဖည်မှု မရှိစေရေး စဉ်ဆက်မပြတ် ထိန်းကျောင်း တည့်မတ်ပေးလျက်ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀(စ)အရ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်ဟူ၍ ပြဋ္ဌာန်းချက်နှင့်အညီ ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပျက်ယွင်းသွားလျှင် ပါတီစုံဒီမိုကရေစီ စနစ်သည်လည်း ပျက်ယွင်းသွားပေလိမ့်မည်။ တပ်မတော်အနေဖြင့် ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်ပေးထားသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ပျက်ယွင်းမည်ကို လုံးဝမလိုလားပါ။

နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့်ရယူရန် ဆောင်ရွက်လာခြင်းကြောင့်သာ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက် များနှင့်အညီ ယာယီနိုင်ငံတော်သမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲအပ်ခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဟူ၍ ပေါ်ပေါက်လာခြင်း ဖြစ်ပေသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၈ ရက်တွင် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ ရှင်းလင်း ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီး နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေစဉ်ကာလအတွင်း ရှေ့ဆက် လုပ်ဆောင်မည့်အချက် (Road Map) ၅ ချက်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပေသည်။ အဆိုပါအချက်များကို အနှစ်ချုပ်လျှင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းစစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ခြင်း၊ ဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများ(ရဟန်းရှင် လူပြည်သူတစ်ရပ်လုံး ကာကွယ်ဆေးထိုးပေးနိုင်ရေး အပါအဝင်) အရှိန်အဟုန်မပြတ် ထိထိရောက်ရောက်ဆောင် ရွက်ခြင်း၊ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားခြင်း၊ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်ခြင်း၊ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထ ွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံချိန် စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်ခြင်း...စသည်ဖြင့် ဖော်ပြထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် စစ်ဘက်ဆိုင်ရာအရာရှိကြီး ရှစ်ဦး၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီခေါင်းဆောင်များ ပါဝင်သော အရပ်သား ရှစ်ဦး စုစုပေါင်း ၁၆ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။  အစိုးရအဖွဲ့ဝင်ဝန်ကြီးများကိုလည်း သက်ဆိုင်ရာ နယ်ပယ်ကျွမ်းကျင်သူများနှင့် ဖွဲ့စည်းထားသည်။ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီများကိုလည်း ဒေသခံများ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးဝန်ထမ်းများနှင့် ဖွဲ့စည်းထားသည်။

တပ်မတော်က ၁၉၆၂ ခုနှစ်နှင့် ၁၉၈၈ ခုနှစ် တာဝန်ယူစဉ် ကာလဖွဲ့စည်းပုံများနှင့် များစွာကွာခြားသည်။ ထို့ကြောင့် အရေးပေါ်ကာလအတွင်း ပါတီစုံဒီမိုကရေစီစနစ်အရ ကောင်းမွန်သန့်ရှင်းသော အစိုးရတစ်ရပ်နှင့် အုပ်ချုပ်မှုပုံစံ ပေါ်ထွန်းလာစေမည်မှာ ဧကန်ဖြစ်ပေသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ ရှင်းလင်းချက်တွင်  တပ်မတော်အနေနဲ့ မြန်မာနိုင်ငံရဲ့ ၁၀ နှစ်တာ ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းမှာ အမျိုးသားနိုင်ငံရေးကို ဦးထိပ်ထားပြီး ပြည်သူနဲ့လက်တွဲ အကောင်းဆုံး ဆောင်ရွက်ခဲ့ပါတယ်။ ယခုလည်း စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားလာရေး ဆောင်ရွက်လျက် ရှိနေပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ စုပေါင်းဖွဲ့စည်းမှု၊ ဆွေးနွေးညှိနှိုင်း အဖြေရှာမှုနည်းလမ်းတွေကိုသာ အသုံးပြုပြီး မြန်မာနိုင်ငံ၊ နိုင်ငံရေးယဉ်ကျေးမှုနဲ့ သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပါတယ်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အနေနဲ့ စိတ်ခံစားမှုထက် ပကတိအချက်အလက်များ၊ အမှန်တရားများကိုရှေးရှုပြီး လက်တွဲညီဆောင်ရွက်သွားပါစို့ ဟူ၍ မေတ္တာရပ်ခံ တိုက်တွန်းခဲ့သည်။ သို့ဖြစ်ပါ၍ အမှန်တရားကို ရှေးရှုကာ နိုင်ငံရေးယဉ်ကျေးမှုနှင့် သမိုင်းပေးတာဝန်ကို ကျေပွန်ကြပါရန် ရေးသားလိုက်ရပေသည်။    

Post a Comment

0 Comments