နေပြည်တော် ဖေဖော်ဝါရီ ၂၅
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၁ဝ၈၆ ဦးအား ပြန်လည်ခေါ်ဆောင်လာသော စစ်ရေယာဉ်များသည် ဖေဖော်ဝါရီလ ၂၅ ရက် နံနက်ပိုင်းတွင် မြန်မာ့ရေပြင်နယ်နိမိတ်အတွင်း ရောက်ရှိခဲ့သည်။ မြန်မာ့ရေပြင်အတွင်း ဝင်ရောက်ချိန်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ နွေးထွေးပျူငှာစွာကြိုဆိုနိုင်ရေး အတွက် စေလွှတ်ပေးလိုက်သော တပ်မတော်စစ်ရေယာဉ်များက ပင်လယ်ပြင်တွင် လာရောက်ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။
စစ်ရေယာဉ်များပေါ်တွင် ခေါ်ဆောင်လာသော မြန်မာနိုင်ငံသားများသည် မလေးရှားနိုင်ငံ၌ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြရသဖြင့် မြန်မာ့ရေပြင်အတွင်း ပြန်လည်ဝင်ရောက်ချိန်၌ စစ်ရေယာဉ်များ၏ ကုန်းပတ်အသီးသီးပေါ် တက်ရောက်ကြပြီး မြန်မာ့ရေပြင်၊ မြန်မာ့ရှုခင်းများအား ကြည့်ရှုခံစားရင်း လိုက်ပါလာခဲ့ကြသည်။ ထို့ပြင် တနင်္သာရီ ရေတပ်စခန်းဌာနချုပ် နယ်မြေအတွင်းရှိ ဇာဒက်ကြီးကျွန်း ရေတပ်အခြေစိုက်စခန်းမှ စစ်သည်၊ ရဲမေများက ချက်ပြုတ်ပေးသော မြန်မာအစားအစာ မုန့်ဟင်းခါးများအား တပ်မတော်စစ်ရေယာဉ်ဖြင့် ပင်လယ်ပြင်သို့ လာရောက် ပို့ဆောင်ပေးခဲ့ရာ နံနက်စာအဖြစ်စားသုံးခဲ့ကြသည်။
အဆိုပါ
မလေးရှားနိုင်ငံရောက် နေရပ်ပြန် မြန်မာနိုင်ငံသားများ၏ စကားသံများကို ယခုလိုကြားသိရပါသည်-
''ကျွန်တော့်နာမည်က အောင်ကိုဦးဖြစ်ပြီး မွန်ပြည်နယ် လှိုင်ရပ်ကွက်မှာနေပါ တယ်။ ကျွန်တော့်အသက်က ၃၆ နှစ်ပါ။ ကျွန်တော်မလေးရှားနိုင်ငံမှာ အလုပ်လုပ်တာ သုံးနှစ်ရှိပါပြီ။ အဲဒီမှာနေရတာ တော်တော်လေးဆိုးပါတယ်။ ဝဲပေါက်တဲ့လူတွေ လည်း ဝဲပေါက်ကြပါတယ်။ ဖျားနာကြတဲ့လူတွေလည်း ဖျားနာကြပါတယ်။ ကျန်းမာ ရေးမကောင်းတဲ့လူတွေလည်း ရှိကြပါတယ်။ ဆေးတောင်းရင် ဆေးမရတာလည်း ရှိပါတယ်။ ဆေးရတဲ့ အခါကျတော့လည်း Panadol တစ်လုံးပဲရပါတယ်။ အဲဒါလေးတော့ ရှိပါတယ်။ ဆေးပေးတဲ့အခါကျ ဆေးတစ်ဖုံ၊ တစ်ဖုံပဲပေးပါတယ်။ ဆေးနဲ့အနာ မမျှပါဘူး။ ဆေးပြန်တောင်းရင် ရိုက်ခံရပါတယ်။ တစ်နေ့ကို ဒုက္ခတွေ အများကြီးခံရပါတယ်။ ပြစ်ဒဏ်ပေးတာလည်း ရက်စက်ပါတယ်။ ပြစ်ဒဏ်ပေးရင် ခြေထောက်၊ ခြေဖဝါးတွေကို ပိုက်ချောင်းနဲ့ ရိုက်ပါတယ်။ အဲဒါကို ကျွန်တော်တို့ ခံစားရပါတယ်။ ကျွန်တော်တို့ မထင်ထားပါဘူး။ အတိုင်းထက်အလွန်ပါပဲ၊ ဝမ်းသာပါတယ်။ တကယ်ကျေးဇူး အရမ်းလည်း တင်ပါတယ်။ ကျန်ရှိနေတဲ့ မြန်မာပြည်သူ/ပြည်သားတွေကိုလည်း ပြန်ခေါ်စေလိုပါတယ်။ အများကြီး ကျန်ခဲ့ပါတယ်။ ဒီလိုမျိုးလာရမယ်လို့ မတွေးထားပါဘူး။ ဒီလိုမျိုးပြန်ရမယ်လို့ ကျွန်တော်တို့ မတွေးထားပါဘူး။ အခုလိုမျိုး လာခေါ်ပေးတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ကျွန်တော်တို့အများကြီး ကျေးဇူးတင်ပါတယ်။ အပြင်မှာ ထွက်နေတဲ့အသံနဲ့ ဒီထဲမှာလာကြိုတဲ့အသံနဲ့ တခြားစီဖြစ်နေပါတယ်။ အတိုင်းထက် အလွန်ပါပဲ။ နွေးထွေးစွာ လာကြိုဆိုပါတယ်။ မိသားစုသဖွယ်လိုပဲ နွေးထွေးပါတယ်။ဝမ်းလည်းဝမ်းသာပါတယ်။ စားရသောက်ရတာလည်း ဘာမှအခက်အခဲမရှိပါဘူး။ စားရတဲ့ နေရာမှာလည်း ဝဝဖြိုးဖြိုး စားရပါတယ်။ အတိုင်းထက်အလွန်ပါပဲ၊ စားရတာကိုလည်း ကျေးဇူးလည်း တင်ပါတယ်'' ဟု မွန်ပြည်နယ် လှိုင်ရပ်ကွက်နေ ကိုအောင်ကိုဦး ကပြောသည်။
''ကျွန်တော့်နာမည်ကတော့ သန်းမင်းဌေး ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ် မာန်အောင်မြို့ကပါ။ ကျွန်တော်အလုပ်အကိုင်ကတော့ ရွှေပန်းထိမ်ဖြစ်ပါတယ်။ ခံစားချက်ကတော့ အများကြီးပေါ့ camp ရောက်သွားတဲ့အချိန်မှာ ကိုယ့်မြန်မာ နိုင်ငံနဲ့တော့ မတူဘူးပေါ့။ ကိုယ့်မြန်မာနိုင်ငံမှာဆိုရင် နွေးထွေးမှုရှိတယ်။ ခောစ ရောက် သွားတဲ့အချိန်မှာ နေမကောင်းဘူးဗျာ ဆေးတောင်းလည်း မပေးဘူး။ ထမင်းဆိုလည်း နည်းနည်းပဲပေးတယ်။ ကျွန်တော်တို့ကို လာခေါ်တော့ ဝမ်းသာတယ်။ ကျွန်တော်တို့စိတ်ထဲမှာ တွေးထားတာတော့ တစ်မျိုးပေါ့။ ဒါပေမဲ့ ဒီရောက်လာတဲ့အခါမှာ ကိုယ် မိသားစုလို ဆက်ဆံပေးတယ်။ ထမင်းဆိုလည်း ထပ်တောင်းလို့ရတယ်။ ဟိုမှာဆို ထပ်တောင်းရင် အရိုက်ခံထိမယ်။ ဆေးဆိုလည်း မရဘူး။ camp ရောက်သွားတဲ့ အချိန်မှာ လူတွေကဝဲတွေလည်း ပေါက်ကြတယ်။ မြန်မာနိုင်ငံဆို မျှော်လင့်တယ် ကိုယ့်ဆွေမျိုးတွေ လာခေါ်မယ့်အချိန်ကို မျှော်လင့်ကြတယ်။ မပါတဲ့သူတွေ ကျတော့ ဝမ်းနည်းကြတာပေါ့။ ပါတဲ့သူဆို အတိုင်းမသိ ဝမ်းသာပါတယ်။ ကျွန်တော်ဆိုအိပ်တောင်မပျော်ဘူး။ ကျွန်တော်ပါမှ ပါပါ့မလားပေါ့။
အဲဒီမှာ ကျွန်တော်တို့ ခြောက်လ၊ ခုနစ်လလောက် ရှိပြီ။ လာခေါ်တဲ့အချိန်မှာကျွန်တော့်နာမည်ခေါ်တော့ အတိုင်းမသိ ဝမ်းသာသွားတယ်။ ဒီရောက်လာတော့လည်း နွေးထွေးမှုရှိတယ်။ ဟိုမှာဆိုလည်း အင်္ကျီတစ်လုံး ဘောင်းဘီတစ်လုံးပဲ ပေးတယ်။ ခြောက်လလောက်နေခဲ့ရတယ်။ ဒီရောက်လာတော့ အင်္ကျီအဝတ်အစား၊ ဘောင်းဘီအရှည်၊ အတိုအစုံပေးတယ်။ ဆပ်ပြာ၊ သွားတိုက်ဆေး အကုန်ပေးတယ်။ ဟိုမှာကျတော့ မတူဘူးပေါ့။ ဒီမှာနွေးထွေးမှု ရှိတယ်။'' ဟု ရခိုင်ပြည်နယ် မာန်အောင်မြို့နေ ကိုသန်းမင်းဌေးကပြောသည်။
''ကျွန်မကျောင်းတက်ပြီးတာနဲ့ ဒီကိုရောက်တယ်။ ဒီကိုအလုပ် လာလုပ်တယ်။ ကျွန်မတို့ကို
လာခေါ်မယ်လို့ စိတ်ကူးဘာမှမရှိဘူး။ ကျွန်မတို့ကိုလာခေါ်ခဲ့တယ်။
ကျွန်မတို့ ဘာမှမသိဘဲ၊ မမျှော်လင့်ဘဲနဲ့ လာခေါ်ခဲ့တယ်။ ကျွန်မတို့ ကျေးဇူးအများကြီးတင်ရှိပါတယ်။ သူများနိုင်ငံကတော့ လာခေါ်တယ်.. ကိုယ့်မြန်မာနိုင်ငံက လာမခေါ်ဘူးဆိုတော့ တအား အားငယ်ရပါတယ်။ သူများနိုင်ငံ သွားတယ်။ ကိုယ်တွေကဘယ်လိုပဲငိုငို ကိုယ့်မြန်မာက လာမခေါ်ရင် ပြန်လို့မရဘူး။ ကိုယ့်မှာ မျှော်လင့်ချက်မရှိဘူး။ အခုလိုမျိုးကျွန်မတို့ကို လာခေါ်တဲ့အတွက် ကျေးဇူးအများကြီး တင်ရှိပါတယ်။ သူများတွေ ပြန်တဲ့အချိန်မှာ ကိုယ်လည်းပြန်ချင်တယ်။ ကိုယ့်မြန်မာက လာမခေါ်သေးလို့ ဘယ်ချိန်လာခေါ်မလဲ ဘယ်ချိန်လာခေါ်မလဲ စောင့်နေရတယ်။ အခုလိုမျိုး ဒီကအဖွဲ့တွေကို အကုန်လုံးကို ကျေးဇူးအများကြီး တင်ရှိပါတယ်။ ဒီမှာ စားသောက်ရတာတော့ ဘာမှပြောစရာမရှိပါဘူး။ ကိုယ့်မြန်မာ အစားအသောက်တွေ စားရတာ တအားပီတိဖြစ်တယ်။ ဝမ်းသာတယ်။ ပြောလို့ကို မဆုံးနိုင်တော့ဘူး။ ကိုယ့်သူငယ်ချင်း အချင်းချင်းတွေ။ ကျွန်မတို့ကို ကိုယ့်နယ်အထိ၊ ကိုယ့်မြို့အထိ အရောက်ပို့ပေးမယ့်အတွက် ကျွန်မတို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ပီတိအားရဝမ်းသာနဲ့ အရမ်းကိုကျေးဇူးတင်ရှိပါတယ်''ဟု ရခိုင်ပြည်နယ် မြေပုံမြို့နေ မသန်းလှကပြောသည်။
''ညီမ
အသက်က ၂၈ နှစ်ရှိပါပြီ။ အိမ် မှာက အဆင်မပြေဘူး။ အမေက ကျန်းမာရေး မကောင်းဘူးဆိုတော့
ထောက်ပံ့မယ့် လူလည်းမရှိဘူး။ ညီမတစ်ယောက်ထဲဆိုတော့။ ကြိုးစားပြီးတော့ မလေးရှားကို တက်လိုက်တယ်။
မလေးရှားရောက်တာ ငါးနှစ် ရှိတော့မယ်။ အခက်အခဲကျတော့ ရှိပါတယ်။ ကျန်းမာရေးမကောင်းရင်
သူတို့ကို ပြောပြတယ်။ သူတို့ကို ပြောပြရင်တော့ ရေ များများသောက်၊ ဆေးလုံးဝ မပေးဘူး။
ဆေး လုံးဝမပေးရင် ဘယ်လိုမှပြောလို့ မရဘူး။
အခုလို သင်္ဘောနဲ့ခေါ်မယ်ဆိုတော့ တန်းသိတယ်ဆိုတော့ တကယ် Surprise ဖြစ်သလို ဖြစ်သွားတယ်။ တကယ်အတိုင်း မသိဝမ်းသာတယ်။ အရမ်းလည်း ကျေးဇူးတင်ပါတယ်။ သင်္ဘောကြီးမြင်တာနဲ့ ဒီဓာတ်လှေကားက တက်တာနဲ့ ကိုယ့်မြန်မာပြည်ရောက်သလို ခံစားရတယ်။ ပြီးတော့ တပ်မတော်သားတွေကလည်း နွေးနွေးထွေးထွေးနဲ့ လှိုက်လှိုက် လဲလဲကြိုဆိုကြတဲ့အတွက် အရမ်းဝမ်းသာ ပီတိဖြစ်တယ်။ ပြောမပြတတ်လောက်အောင် ကျေးဇူးအများကြီးတင်ပါတယ်။ အရမ်းပျော်ရွှင်မိတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သာမခေါ်ရင် ညီမတို့က အခုချိန်ထိကို ကြာနေမှာ ပြန်လို့လည်းရမှာ မဟုတ်ဘူး။ မျှော်လင့်ချက်လည်း မရှိဘူး။ ဗိုလ်ချုပ်မှူးကြီး ကျေးဇူးကြောင့် အခု ညီမတို့ ချောချော မွေ့မွေ့နဲ့ မြန်မာပြည်ကိုလည်း ရောက်ရှိလာတယ်။ ကယ်တင်ပေးတဲ့အတွက် အတိုင်းမသိ အရမ်းကျေးဇူးတင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အသက်ရာ ကျော်ရှည်ပါစေလို့ ညီမတို့ အမြဲဆုတောင်း ပေးပါတယ်''ဟု ကချင်ပြည်နယ် ပူတာအို ခရိုင်နေ တိုင်းရင်းသူ တစ်ဦးကပြောသည်။
''ကျွန်မအသက်က ၃၄ နှစ်ပါ။ မြန်မာ တွေဆိုရင် လှည့်မကြည့်ချင်လောက်အောင် သူတို့ပြောတယ်။ နောက်ဆုံး အိမ်ကိုဖုန်းဆက်ချင်တယ် ဆိုရင်တောင် ဖုန်းပေးမခေါ် ဘူး။ မြန်မာသံရုံးလာမှပဲ အိမ်နဲ့ အဆက်အသွယ် ရပါတယ်။ ညီမတို့ ပြန်ရတော့မယ်လို့ အသံကြားလိုက်ရတဲ့အခါမှာ အတိုင်းမသိကို ပျော်ရွှင်ရပါတယ်။ တစ်ပတ်ပဲကြိုပြီး သိခဲ့ရတယ်လေ။ အရမ်းကိုလည်းပျော်ပါ တယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ ဒီထဲ ကနေ လွတ်တော့မယ်ဆိုတော့ အရမ်းလည်း ဝမ်းသာပါတယ်။ နောက်ဆုံး သူတို့ဘယ်လိုပြောလဲဆိုရင်..နင်တို့ကို သင်္ဘောနဲ့ လာခေါ်မှာ...နင်တို့သင်္ဘောက အမိုး အကာလည်းမရှိဘူး ...နင်တို့ပြန်ရမယ်။
အဲ့လို
ညီမတို့ကို ပြောလိုက်တယ်။ ညီမ တို့ကလည်း ... ဘယ်လိုနည်းနဲ့ပဲ ပြန် ရပြန်ရ မြန်မာနိုင်ငံကို
ပြန်ပြီးအခြေချရ မယ်ဆိုရင် ...အဲလိုပဲ ပြန်ပြောခဲ့ပါတယ်။
ကားပေါ်ကဆင်းကတည်းက နွေးနွေးထွေးထွေး ကြိုဆိုပါတယ်ရှင့်။ တော်တော်ကိုပြော မပြတတ်လောက်အောင် ဝမ်းသာပါတယ်ရှင့်။ သင်္ဘောပေါ်ကို ရောက်တဲ့အချိန်တုန်း ကလည်း ငါတို့တွေ ဒုက္ခတောထဲကလွတ် ကင်းပြီဟေ့ဆိုတဲ့စိတ်နဲ့ အတိုင်းမသိကို ပျော်ရွှင်ခဲ့ပါတယ်။ ဒီမှာ အကုန်လုံးစားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေး၊ အဝတ် အစားကအစ အကုန်လုံး အဆင်ပြေပါတယ်။ အကုန်လုံး ကူညီခဲ့ပါတယ်။ အဲ့ဒီ အတွက်လည်း အတိုင်းမသိ ဝမ်းသာပြီး ပျော်ရွှင်ခဲ့ရပါတယ်။ လိုလေသေးမရှိအောင် အကုန်လုံး အဆင်ပြေချောမွတ်စွာ လုပ်ပေးတဲ့အတွက်ကြောင့် ဝန်ထမ်းထွေ၊ အရာရှိတွေအကုန်လုံးကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်မတို့အပေါ်မှာ အဲ့လောက်ထိ မေတ္တာထားလိမ့်မယ်လို့ မထင်ခဲ့ဘူးလေ။ မထင်ခဲ့ဘူးဆိုတာက သူတို့ရဲ့အပြောတွေ ပေါ့။ စိတ်ဓာတ်တွေလည်း အရမ်းကျခဲ့တယ်။ အရမ်းလည်း ကြောက်ခဲ့တယ်။ မိဘ တွေအတွက်လည်း အရမ်းပဲစိုးရိမ်ခဲ့ပါတယ်။ ကျွန်မရင်ထဲမှာ နောက်ထပ် မြန်မာနိုင်ငံသားတွေ ကျန်နေသေးတဲ့သူတွေကို ဆက်လက် ပြီးတော့ ကူညီပေးပါဦးလို့ ပြောချင်ပါ တယ်''ဟု ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နေ မလဲ့လဲ့ဝင်း ကပြောသည်။
0 Comments