အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်




နေပြည်တော် ဖေဖော်ဝါရီ ၂၆

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများအား ရပ်ဆိုင်းထားရှိရာမှ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပါက ကျောင်းသား၊ ကျောင်းသူများ  စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့်  ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက်  သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက အခြေခံ  ပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများနှင့် လိုအပ်သည့်ထိန်းသိမ်း စောင့်ရှောက်မှု များကို ဆောင်ရွက်ပေးလျက် ရှိသည်။



ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အောက်ရွာ၊ အခြေခံပညာ မူလတန်းကျောင်း၊ စစ်တွေမြို့ရှိ  အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အခြေခံပညာမူလတန်းကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊  ရွှေဘိုမြို့ရှိ  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပဲခူး တိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ မင်းလှမြို့၊ မိုးညိုမြို့၊ အုတ်ဖိုမြို့၊ ကြို့ပင်ကောက်မြို့နှင့် ပန်းတောင်းမြို့တို့ရှိ  အခြေခံပညာ အထက်တန်း ကျောင်းများ၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက ကျောင်းဝင်းများ အတွင်းရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် စာသင်ဆောင်များအတွင်း/အပြင် သန့်ရှင်းရေး လုပ်ငန်းများကို  စုပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments