တပ်မတော်ထောက်ခံပွဲများပြုလုပ်





နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၆

          ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ တပ်မတော်အား ထောက်ခံပွဲကို ယနေ့တွင်  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့တွင် အင်အား ၁၂၀၀ ဦးခန့်ဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အင်အား ၃၅၀၀ ဦးဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကွမ်းသီးပင်အုပ်စု၊ တံခွန်တိုက်ကျေးရွာတွင် အင်အား ၃၅၀ ဦးခန့်ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့၊ ဘီလင်းကျေးရွာတွင် အင်အား ၁၂၀၀ ဦးခန့်ဖြင့် လည်းကောင်း အသီးသီး ပြုလုပ်ခဲ့ကြပြီး ဆန္ဒဖော်ထုတ်ရာတွင် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲမဲမသမာမှု၊ မဲခိုးမှုများ အမြန်ဖော်ထုတ်ပေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့်အညီ ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ တပ်မတော်အား ထောက်ခံပါသည်၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရသစ်အား ကြိုဆိုထောက်ခံပါသည်၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့့် UEC အသစ်အား ကြိုဆိုပါသည်၊ ပြည်ပအားကိုးပုဆိန်ရိုး အမျိုးသားရေး သစ္စာဖောက်များအား အလိုမရှိ၊ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ မြန်မာပြည်ကြီး အေးချမ်းပါစေ၊ ဥပဒေနှင့်မညီသော ရွေးကောက်ပွဲရလာဒ် အလိုမရှိ၊ အမျိုးဘာသာသာသနာကို စောင့်ရှောက် ပေးသော မြန်မာ့တပ်မတော်အား ထောက်ခံပါသည်၊ တပ်မတော်နှင့်ပြည်သူ သွေးခွဲသူ ဒို့ရန်သူ၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ပေးမည့် တပ်မတော်အား ထောက်ခံပါသည် စာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင်ကြွေးကြော် ခဲ့ကြသည်။

          အများပြည်သူများ အနေဖြင့် တပ်မတော်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်း၍ မဲမသမာမှု ဖြစ်စဉ်များအပေါ် ရွေးကောက်ပွဲကော်မရှင် တစ်ရပ်အား ဖွဲ့စည်းကာ စိစစ်နိုင်ရေး ဆောင်ရွက်နေမှုများကို အများပြည်သူများမှ ထောက်ခံသည့် ဆန္ဒဖော်ထုတ်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

 

 


Post a Comment

0 Comments