CDM ပြုလုပ်ရန် နည်းအမျိုးမျိုးဖြင့် လှုံ့ဆော်/ဖိအားပေးသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း အသိပေးကြေညာခြင်း

 




၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂၆  ရက်

            နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်က အတည်ပြုဖွဲ့စည်းထားသော ဌာနတစ်ရပ်ရပ်၏ ရာထူးနေရာ တစ်ခုခုတွင် ခန့်အပ်ခြင်းခံရပြီး နိုင်ငံတော်၏ ရသုံးမှန်းခြေ ငွေစာရင်းမှ လစာနှင့်စရိတ် ခံစားသူများ ဖြစ်ကြသည်။ သို့ဖြစ်၍ နိုင်ငံ့ဝန်ထမ်း အားလုံးသည်  နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ဦးတည်ပြီး ထမ်းရွက်ရမည့် လုပ်ငန်းတာဝန်၊ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းနှင့် စောင့်ထိန်းအပ်သော ကျင့်ဝတ်တို့ကို မပျက်မကွက် လိုက်နာစောင့်ထိန်းရမည် ဖြစ်သည့်အပြင် မည်သို့သော ဘေးပယောဂနှင့် အကြပ်ကိုင် ခြိမ်းခြောက်မှုများ ရှိစေကာမူ အစိုးရအဆက်ဆက်၏ ပေးအပ်သော နိုင်ငံ့တာဝန်များကို တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ထမ်းဆောင်ကြ ရမည့်သူများ ဖြစ်သည်။

            ယခုအခါ နိုင်ငံ့ဝန်ထမ်းများအနက် အချို့မှာ အစိုးရယန္တရား ပျက်ပြားစေရန် ရည်ရွယ် ဆောင်ရွက်နေသည့် ရန်လိုဆန့်ကျင်သူတို့၏ နည်းအမျိုးမျိုးဖြင့် ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း၊ ဖိအားပေးအကြပ်ကိုင် ခြိမ်းခြောက်ခြင်းများ၊ လူတစ်ဦးချင်း၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်အပေါ် ထိခိုက်စေသည့် ဆိုးရွားသောလုပ်ရပ်များ၊ လူတန်ဖိုးနှင့်ဂုဏ်သိက္ခာထိခိုက်စေသော အပြုအမှုများကြောင့် နိုင်ငံ့တာဝန်များ ထမ်းဆောင်ရန် ပျက်ကွက်လျက်ရှိကြောင်း သိရှိရသည်။ ထိုသို့ ပျက်ကွက်သူများအနက် အများစုသည် ကိုယ်တိုင်ဆန္ဒပါသော်လည်း ခြိမ်းခြောက်အကြပ်ကိုင်မှုများကို မလွန်ဆန်နိုင်၍ လိုက်ပါဆောင်ရွက်နေရသူများ ဖြစ်ကြောင်းတွေ့ရှိရသည်။

            အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်မှ ရပ်ကွက်ကျေးရွာများ အဆင့်ထိ စီမံအုပ်ချုပ်ရေးအဖွဲ့များ ခန့်အပ်တာဝန် ပေးအပ်ခဲ့ရာ တည်ငြိမ် အေးချမ်းရေးကို မလိုလားသူတို့က အုပ်စုဖွဲ့လျက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများအား ဖိအားပေး ခြိမ်းခြောက်ခြင်း၊ အသက်အန္တရာယ် ရှိစေသည်အထိ ရန်ပြုခြင်း၊ အုပ်စုဖွဲ့ရမ်းကားဆန္ဒပြခြင်း၊ အုပ်ချုပ်ရေးရုံးများရှိ ဆိုင်းဘုတ်များဖြုတ်ချခြင်း၊ ရုံးမတက်နိုင်စေရန် တားဆီးပိတ်ဆို့မှုများ စသည့် အစိုးရအုပ်ချုပ်ရေး ယန္တရားကို တိုက်ရိုက်ထိခိုက်စေသည့် ဥပဒေမဲ့လုပ်ရပ်များကို ထိပ်တိုက် ရင်ဆိုင်သည့်ပုံစံဖြင့် ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာကြောင်း တွေ့ရသည်။

            အထက်ပါ ဥပဒေမဲ့တရားလက်လွတ် ဆောင်ရွက်မှုများသည် ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်များအရ အောက်ပါ ပြစ်မှုပြစ်ဒဏ်များဖြင့် ငြိစွန်းနေသည် -

            -           ရာဇသတ်ကြီးပုဒ်မ ၁၈၉  ပြည်သူ့ဝန်ထမ်းတစ်ဦး၏ အလုပ်ဝတ္တရား ဆောင်ရွက်ခြင်းကို ခြိမ်းခြောက်လျှင် ထောင်ဒဏ် နှစ်ထိ

            -           ရာဇသတ်ကြီးပုဒ်မ ၁၂၄- အစိုးရ ရာထမ်းမှုထမ်းများအား တာဝန်ဝတ္တရား ဆောင်ရွက်မှုကို တားမြစ်ခြင်း၊ နှောင့်ယှက်ခြင်းပြုလျှင် ထောင်ဒဏ် နှစ်ထိ

            -           ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) အစိုးရ ရာထမ်းမှုထမ်းများကို စိတ်ဓာတ်တက် <ကမှု၊ စည်းကမ်းသေဝပ်မှု၊ ကျန်းမာမှု၊ ကျင့်ဝတ်ကို ပိတ်ပင်တားမြစ်ရန်၊ အနှောင့်အယှက်ပြုရန် ပြုလျှင် ထောင်ဒဏ် နှစ်ထိ   

           

 

 

 

 

 

Post a Comment

0 Comments