မိုင်းဆတ်မြို့နယ်၌ ငွေကျပ် ၃ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ




 မိုင်းဆတ်မြို့နယ်၌ ငွေကျပ် ၃ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော်  ဖေဖော်ဝါရီ  ၇


မိုင်းဆတ်မြို့နယ် မိုင်းဆတ်-တာချီလိတ်ကားလမ်း ဆိုက်ခေါင်လုံခြုံရေးဂိတ်၌ ငွေကျပ် ၃ ဒသမ ၂ ဘီလီယံ ကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ  ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  သတင်းအရဖေဖော်ဝါရီ ၄ ရက်  ည ၇ နာရီခွဲက  မိုင်းဆတ်မြို့နယ်  မိုင်းဆတ်-တာချီလိတ်ကားလမ်း    ဆိုက်ခေါင်လုံခြုံရေးဂိတ်၌ မိုင်းဆတ်ဘက်မှ မိုင်းတွမ်းဘက်သို့ ကျစေ့မောင်းနှင်လာသည့် Alphard မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်ရှိ ဆာလာ အိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၄ ဒသမ ၂၆ သိန်းနှင့်  ကျောပိုးအိတ် အတွင်းမှ အိုက်စ် (မက်သ်အဖက်တမင်း) ၂၅ ကီလိုတို့အား သိမ်းဆည်းရမိခဲ့သည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိကျစေ့ ၄၄ နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော   ဆေးဝါး များဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ ဖော်ထုတ်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးများကို မိုင်းပျဉ်း-မိုင်းဆတ်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ပို့ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ သတင်းရရှိသည်။   

Post a Comment

0 Comments