ကျန်းမာရေး ဝန်ထမ်းများအား ပန်ကြားချက်

 


ကျန်းမာရေး ဝန်ထမ်းများအား ပန်ကြားချက်

၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်


၁။    ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာန အသီးသီးမှ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများ၊ အခြားသော အထောက်အကူပြု ဝန်ထမ်းအသီးသီးတို့သည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease 2019 (COVID-19)  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို   ရှေ့တန်းမှစွမ်းစွမ်းတမံ အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့်  ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။


၂။   ယခုအချိန်အခါသည် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပြည်သူလူထုအတွက် ကာကွယ်ဆေးထိုးနှံရေး ဆက်လက် ဆောင်ရွက်နေသည့် အချိန်ဖြစ်ခြင်းကြောင့် လည်းကောင်း၊ကျန်းမာရေး စောင့်ရှောက်မှု ခံယူရန် လိုအပ်နေသော ပြည်သူလူထုအား အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေး စောင့်ရှောက်မှု ပေးအပ်နိုင်ရန်အတွက် လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာန အသီးသီးမှ ဝန်ထမ်းများ အနေဖြင့် လူနာများ၏ အကျိုးကို ရှေးရှု၍ မိမိတို့လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် ထမ်းဆောင်ကြပါရန် အလေးအနက်ထား တိုက်တွန်း နှိုးဆော်ပန်ကြားအပ်ပါသည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

Post a Comment

0 Comments