နေပြည်တော် ဖေဖော်ဝါရီ
၂၃
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၂၂ ဦးရှိကြောင်း သိရသည်။
(၂၂-၂-၂ဝ၂၁)
ရက် ည ၈ နာရီမှ (၂၃-၂-၂ဝ၂၁) ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၁၅၉ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ
အတည်ပြုလူနာသစ် ၂၂ ဦး တွေ့ရှိရသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ
ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၄၈၅ဝ၉၄ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၁၄၁၇၈၃
ဦး ရှိပြီဖြစ်သည်။
ယနေ့တွင်
ဆေးရုံဆင်းခွင့် ရရှိသူ ၄ဝ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃၁၃၅၈ ဦး ဆေးရုံမှဆင်းခွင့်
ရရှိပြီးဖြစ်သည်။
ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တစ်ပြည်လုံး အတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် ''ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်(mask and face shield campaign)'' ၌ ပါဝင်သောဆောင်ရွက်ရမည့် အချက်များကို တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းနှင့် ''တစ်ဦးကိုတစ်ဦး အသိပေးခြင်း/သတိပေးခြင်း မိသားစုစီမံချက်'' အတိုင်း COVID-19 ရောဂါကာကွယ်ရေး နည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ ဆောင်ရွက်မှသာလျှင် ရောဂါကူးစက် ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
0 Comments