၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်
၁။ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်သည် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဆန္ဒမဲလက်မှတ်
ရိုက်နှိပ်မှုအား စစ်ဆေးခဲ့ပါသည်။
ဆန္ဒမဲလက်မှတ်များကို
ပြန်ကြားရေး ဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံ ရိုက်နှိပ်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။
၁-၉-၂ဝ၂ဝ ရက်နေ့တွင် ကနဦးဆန္ဒမဲ လက်မှတ်ပေါင်း ၁၃၈၄၆ဝ၂၇ဝ
ရွက် ရိုက်နှိပ်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏
လိုအပ်ချက်အရ ထပ်မံ၍ ၉ ကြိမ် ရိုက်နှိပ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ရန်ကုန်တိုင်းဒေသကြီး
ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အနေဖြင့် အထွေထွေ ရွေးကောက်ပွဲကျင်းပရန် တစ်ရက်အလို
၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ၂
ကြိမ် ထပ်မံ မှာကြားချက်အရ ဆန္ဒမဲလက်မှတ် ရိုက်နှိပ်ခဲ့ကြောင်း တွေ့ရှိရပါသည်။
၂။ ဆန္ဒမဲလက်မှတ် ရိုက်နှိပ်မှုစုစုပေါင်းမှာ အောက်ပါအတိုင်း
ဖြစ်ပါသည်-
(က)ပြည်သူ့လွှတ်တော် ၄၄၁၆၉၃၄၄
(ခ) အမျိုးသားလွှတ်တော် ၄၄၁၄၈၂၂၉
(ဂ) တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော် ၄၃၂၉၅၃၇၄
(ဃ) တိုင်းရင်းသားလူမျိုး ၇၇၁၈၁၇၃
စုစုပေါင်း ၁၃၉၃၃၁၁၂ဝ
၃။ ဆန္ဒမဲ လက်မှတ်များ၏ ကနဦးရိုက်နှိပ်မှုနှင့်
ထပ်မံရိုက်နှိပ်မှုမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
0 Comments