ရွှေဘိုမြို့ပြည်သူ့ဆေးရုံမှ ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများအား CDM တွင် ပါဝင်လှုပ်ရှားမှုအပေါ် ဒေသခံပြည်သူများက ငြိမ်းအေးစွာဆန္ဒထုတ်ဖော်



နေပြည်တော် ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင်   ဦးစီးဆရာဝန်၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းစုစုပေါင်း ၁၆၅ ဦးခန့်သည် ဖေဖော်ဝါရီ ၆ ရက်နေ့မှစ၍ ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုဘဲ CDM တွင်ပါဝင်ပြီး တစ်ပြိုင်တည်းခွင့်တင်၍ ဆေးရုံမှထွက်ခွာသွားကြောင်း သိရသည်။



အဆိုပါဖြစ်စဉ်ကြောင့်  ဒေသခံပြည်သူလူထု၏ ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း မရှိသည့်အပေါ် ဒေသခံပြည်သူများက ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ရွှေဘိုပြည်သူ့ဆေးရုံ အမြန်ဆုံးဖွင့်လှစ်ပေးရေး၊ CDM ပြုလုပ်သော ကျန်းမာရေးဝန်ထမ်းများ အလိုမရှိ၊  နာမကျန်းဖြစ်နေသော ဆင်းရဲသားပြည်သူများကို ကိုယ်ချင်းစာပါ၊ ကျင့်ဝတ်နှင့်မညီသော ဆရာဝန်များအလိုမရှိ စသည့် စာသားပါ ဆိုင်းဘုတ်များ၊ ကြွေးကြော်သံများဖြင့် ရှုတ်ချဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။   

Post a Comment

0 Comments