အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်




နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၇


COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများအား ရပ်ဆိုင်းထားရှိရာမှ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးအတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက အခြေခံပညာ ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများနှင့် လိုအပ်သည့်ထိန်းသိမ်း စောင့်ရှောက်မှုများကို ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရှိ မြို့နယ်များအလိုက် အခြေခံပညာကျောင်းများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နှင့် သိန်းနီမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ကျိုင်းတောင်းမြို့၊ မောက်မယ်မြို့၊ ပင်လုံမြို့၊ မိုင်းနောင်မြို့၊ လဲချားမြို့၊ လင်းခေးမြို့၊ ကာလိမြို့၊ နမ့်စန်မြို့၊ မိုင်းပွန်မြို့၊ ကျေးသီးမြို့တို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာ အလယ်တန်းကျောင်းများ၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲများ၊ အခြေခံပညာမူလတန်း လွန်ကျောင်းများ၊ အခြေခံပညာမူလတန်း ကျောင်းများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲများ၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ဇေယျာမွန် အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်း ရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အမှတ်(၁၀၁)အခြေခံပညာမူလတန်းလွန်ကျောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရသေ့တောင်မြို့၊ ပေါက်တောမြို့၊ ဘူးသီးတောင်မြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့များရှိ အခြေခံပညာအထက်တန်း ကျောင်းများ၊ အခြေခံပညာ အလယ်တန်းကျောင်းများ၊ အခြေခံပညာမူလတန်းလွန်ကျောင်းများ၊ အခြေခံပညာမူလတန်းကျောင်းများ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်းမြို့၊ အမှတ်(၅)အခြေခံ မူလတန်းကျောင်းနှင့် အမှတ်(၆) အခြေခံမူလတန်းကျောင်း၊ မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မိုးညိုမြို့၊ နတ်တလင်းမြို့နှင့် အင်းတကော်မြို့တို့ရှိ အခြေခံပညာ အထက်တန်းကျောင်းမျာ၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းဝင်းများအတွင်းရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် စာသင်ဆောင်များ အတွင်း၊ အပြင်သန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

 


Post a Comment

0 Comments