မလေးရှားနိုင်ငံရောက် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား တင်ဆောင်၍ ခေါ်ဆောင်လာသော တပ်မတော်စစ်ရေယာဉ်များ နိုင်ငံတကာရေပြင်မှ မြန်မာနိုင်ငံသို့ ဆက်လက် ခုတ်မောင်းလျက်ရှိ

 



နေပြည်တော်  ဖေဖော်ဝါရီ  ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏   လမ်းညွှန်ချက်အရ မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသား ၁ဝ၈၆ ဦးအား ပြန်လည်ခေါ် ဆောင်လာသော တပ်မတော် စစ်ရေယာဉ်များသည် ဖေဖော်ဝါရီ ၂၃ ရက် မလေးရှားစံတော်ချိန် ညနေ ၅ နာရီ ၄ဝ မိနစ်တွင် လူမွတ်(Lumut) ရေတပ်ဆိပ်ကမ်းမှတစ်ဆင့် ပြန်လည် ထွက်ခွာလာခဲ့သည်။





   


မြန်မာ့တပ်မတော်မှ စစ်ရေယာဉ်များနှင့် အတူ လိုက်ပါလာသော မြန်မာနိုင်ငံသားများအား စနစ်တကျ နေရာချထားပေးခြင်း၊ လမ်းခရီး တစ်လျှောက်  လုံခြုံရေး၊ စားသောက်နေထိုင်ရေးနှင့်  လိုအပ်သော ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးခြင်းတို့အား  ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)အပအဝင် စစ်ရေယာဉ်များ၌ တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများက ကူညီဆောင်ရွက် ပေးလျက်ရှိရာ ၎င်းတို့အနက်မှ ဖျားနာရောဂါ၊ ချောင်းဆိုးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက် ၍  လူနာ ၅၉  ဦးတို့အား ဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ၎င်းတို့၏  မိသားစုဝင်များနှင့် အမြန်ဆုံးတွေ့ဆုံရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ဇန်နဝါရီလ ၂၇ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ မည်ဖြစ်ကြောင်း သတင်းရရှိသည်။



Post a Comment

0 Comments