ဘူခါရတ်၊ ဘောလုံး
ချယ်လ်ဆီးအသင်းသည် ဖေဖော်ဝါရီ ၂၃ ရက်ညက အက်သလက်တီကိုအသင်းနှင့် အဝေးကွင်းပွဲစဉ်ကို ကြားကွင်းဖြစ်သည့်ဘူခါရတ်မြို့သို့ သွားကစားခဲ့ရာ ဝါရင့်တိုက်စစ်မှူး အိုလီဗာဂီရော့ဒ်၏ လှပသော နောက်ကျွမ်းထိုးကန်ချက် ဂိုးတစ်ဂိုးတည်းဖြင့် အနိုင်ရရှိပြီးနောက် ချယ်လ်ဆီးနည်းပြ သောမတ်စ်တူချယ်က ဂီရော့ဒ်သည် အသက် ၃၄ နှစ်ရှိပြီဖြစ်သော်လည်း နေ့စဉ်လေ့ကျင့်ခန်းများ လုပ်ဆောင်နိုင်သူဖြစ်ကြောင်း ချီးကျူးသည်။
တူချယ်က “သူနေ့စဉ်လေ့ကျင့်နေတာကိုကြည့်ရင် ဒီလိုစွမ်းဆောင်နိုင်တာတွေအတွက် အံ့သြမိကြမှာ မဟုတ်ဘူး။ ကာယပိုင်းက အကောင်းဆုံးအဆင့်မှာရှိတယ်။ နေ့စဉ်ပရော် ဖက်ရှင်နယ်ဘောလုံးသမား တစ်ဦးအဖြစ် ပျော်ပျော်ပါးပါးနဲ့ လေ့ကျင့်ကစားနေနိုင်တယ်။ လေ့ကျင့်ခန်းမှာ ပြင်းပြင်းထန်ထန်ကြိုးစား သလို နည်းစနစ်ပိုင်းလည်း ကောင်းခဲ့တယ်။ အသင်းသားတွေကြားမှာ အမြဲအကောင်းမြင်ခံရတဲ့ ကိုယ်ရည် ကိုယ်သွေးလည်းရှိတယ်။ ပွဲထွက်ပဲ ကစားခွင့်ရရ၊ အရန်အဖြစ်ကနေပဲ လူစားဝင် ကစားခွင့်ရရ အရည် အသွေးကို ထုတ်ပြနိုင်တယ်။ နိုင်လိုက်တဲ့ရလဒ်က အဝေးကွင်းဖြစ်တဲ့အတွက် ကြီးမားတဲ့ အသာရမှု ကိုဖြစ်စေတယ်လို့ ပြောရမယ်။ စွမ်းဆောင်ရည်ကလည်း ထိပ်တန်းအဆင့်ရှိလို့ ကျွန်တော့်ကစားသမားတွေ ကို ချီးကျူးရမှာပါ။ ပွဲကစားချိန် ၉၆ မိနစ်စလုံးကို အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားသွားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ မန်ယူ၊ လီဗာပူး၊ အဲဗာတန်၊ လိဒ်တို့နဲ့ ကစားရဦးမယ်။ ဒီပွဲတွေပြီးလို့ နောက်သုံးပတ်အကြာမှာ အက်သလက်တီကိုနဲ့ ဒုတိယအကျော့ပွဲစဉ်အတွက် ထပ်ပြီးပြင်ဆင်ရပါမယ်” ဟု ပြောသည်။
အနိုင်ဂိုးသွင်းရှင် ဂီရော့ဒ်ကလည်း “ဒီဂိုးကို ဘယ်လိုတွေးပြီး ကန်သွင်းမိလိုက်သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် တောင် မသိလိုက်မိဘူး။ ဘောလုံးကို ထိချက်မှန်အောင်သာ အာရုံစိုက်ပြီးကန်လိုက်တာပါ။ ဒီလိုနောက်ပြန် ကန်ချက်တွေကို ကျွန်တော်သဘောကျတယ်။ ဘောလုံးက ဂိုးပိုက်ကို ထိသွားနိုင်လို့ တော်တော်ပျော်ခဲ့ရ တယ်။ အနိုင်ရဖို့အတွက် ကျွန်တော်တို့က အခွင့်အရေးကောင်းတွေ ပိုဖန်တီးနိုင်ခဲ့လို့ ထိုက်တန်တဲ့နိုင်ပွဲ ရရှိတာလို့ ပြောချင်ပါတယ်” ဟု ပြောသည်။
Ref:Dailymail
0 Comments