တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူနိုင်သည့် အသင်းလေးသင်းရှိဟု အေးဂျင့်ဆို

 


ဒေါ့မွန်၊ ဘောလုံး

ဒေါ့မွန်အသင်းမှ လူငယ်တိုက်စစ်မှူး ဟာလန်းကို လာမည့်နွေရာသီဈေးကွက်တွင် ခေါ်ယူနိုင်သော အသင်း လေးသင်းရှိသည်ဟု  ၎င်း၏အေးဂျင့်  ရွိုင်အိုလာက ထုတ်ဖော်ပြောသည်။ အသက် ၂၀ သာရှိသေးသော ဟာလန်းသည် ကစားသမားဘဝ၌ ၄၃ ပွဲကစားရာတွင် ၄၃ ဂိုးသွင်းထားနိုင်ရာ ဘောလုံးကမ္ဘာ၌  အထွန်း တောက်ဆုံး  လူငယ်တိုက်စစ်မှူးအဖြစ် အသင်းတိုင်းက အလိုရှိနေသည်။ 

လက်ရှိတွင် ဟာလန်းကိုခေါ်ယူလို၍ ဆက်သွယ်နေသော အသင်းပေါင်း ၁၀ သင်းအထိရှိပြီး ထိုထဲတွင်  မန်ယူနှင့် ရီးယဲလ်အသင်းတို့လည်း ပါဝင်နေရာ ရွိုင်အိုလာက ထိုအသင်းများအနက် လေးသင်းကသာ ဟာလန်းကို ခေါ်ယူနိုင်ခြေရှိကြောင်း ထုတ်ဖော်ပြောသည်။ “ဟာလန်းက အနာဂတ်ကြယ်ပွင့်ဖြစ်တာကြောင့် သူ့ကို အလိုရှိတဲ့အသင်း အများကြီးရှိပါတယ်။ ဒီအသက်အရွယ်မှာ ဒီလောက်ကောင်းမွန်တဲ့ စွမ်းဆောင် ရည်ပြသနိုင်ဖို့က မလွယ်ပါဘူး။ မိုဗစ်ချ်၊ စီရော်နယ်ဒိုနဲ့ မက်ဆီတို့လိုဖြစ်လာမယ့်သူပါ” ဟု ရွိုင်အိုလာကပြော သည်။                                    

Ref:Dailymail

Post a Comment

0 Comments