ဂေါက်သီးကစားသမား တိုက်ဂါးဝုဒ်မောင်းနှင်လာသည့်ကား တိမ်းမှောက်မှုဖြစ်ပွား၊ ခြေထောက်ဒဏ်ရာ ပြင်းထန်သော်လည်း သတိပြန်ရလာပြီဖြစ်

 


လော့စ်အိန်ဂျလိစ် ဖေဖော်ဝါရီ ၂၄

ကမ္ဘာကျော်ဂေါက်သီးကစားသမား တိုက်ဂါးဝုဒ်မောင်းနှင်လာသည့် Genesis GV80 ကားသည် ဖေဖော်ဝါရီ ၂၃ ရက် နံနက်အစောပိုင်းက လော့စ်အိန်ဂျလိစ်မြို့ လမ်းပေါ်၌ အရှိန်ပြင်းစွာတိမ်းမှောက်ခဲ့ရာ ကားသည်  အပတ်ပေါင်းများစွာလိမ့်သွားသည်အထိ ဆိုးရွားခဲ့ကာ တိုက်ဂါးဝုဒ်အား သတိလစ်လျက် အနေအထားဖြင့် ကယ်ဆယ်ရေးသမားများက အပျက်အစီးများကြားမှ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ဂါးဝုဒ်သည် လော့စ်အိန်ဂျလိစ်မြို့၌ GolfTV အစီအစဉ်တစ်ခုဖြစ်သော PGA Genesis Invitational ကိုရိုက်ကူးရေးပြုလုပ်နေသည့်ကာလဖြစ်ပြီး ထိုကာလများအတွင်း Genesis ကားကို အသုံးပြုခွင့်ပေးထားရာ ထိုကားမှာ မည်သည့်ချို့ယွင်းချက်ဖြင့် ယခုကဲ့သို့ တိမ်းမှောက်ခဲ့သည်ကို စုံစမ်းဆဲဖြစ်ကာ ရဲတပ်ဖွဲ့မှ သဲလွန်စတစ်စုံတစ်ရာ မရရှိသေးကြောင်း ထုတ်ပြန်ခဲ့သည်။ တိုက်ဂါးဝုဒ်ကို Harbor-UCLA Medical Center ဆေးရုံ၌ တင်ထားပြီး လက်ရှိတွင် သတိပြန်ရနေပြီဖြစ်ကာ မေးမြန်းမှုများကို တုံ့ပြန်နိုင်ကြောင်း၊  ခြေထောက် အထက်ပိုင်းနှင့်  အောက်ပိုင်းများတွင် ဒဏ်ရာများ ပြင်းပြင်းထန်ထန်ရခဲ့ကြောင်း ဆေးရုံမှ ဆရာဝန်ကြီး မာဟာဂျန်က ပြောသည်။

တိုက်ဂါးဝုဒ်၏ ညာဘက်ခြေထောက်တွင် သတ္တုချောင်းတစ်ချောင်းထည့် သွင်းလိုက်ရပြီး ခြေချင်းဝတ်တွင် လည်း ကျိုးကြေသွားမှုအတွက် ဝက်အူများဖြင့် ပြန်စုပ်ထားရသည်။

Ref:Dailymail

Post a Comment

0 Comments