သထုံခရိုင်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော်   ဖေဖော်ဝါရီ   ၂၈



နယ်စပ်ရေးရာဝန်ကြီးဌာနသည် မွန်ပြည်နယ် သထုံခရိုင် သထုံ၊ ကျိုက်ထို နှင့်ဘီးလင်းမြို့နယ်တို့ရှိ ကျေးရွာများ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်    ကျောက်ခင်းလမ်း လေးမိုင်၊ ကတ္တရာလမ်းတစ်မိုင်၊ ကွန်ကရစ်လမ်းတစ်မိုင်၊ ပေ ၂၀ အာရ်စီတံတားတစ်စင်း၊ Box Culvertလေးစင်း၊   ကွန်ကရစ်ရေပြွန်နှစ်စင်း၊ လမ်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း နှစ်ခု၊ မြေထိန်းနံရံနှစ်ခုတို့ကိုနယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြု ရန်ပုံငွေကျပ် ၉၃၀ ဒသမ ၄၅၇ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အချို့လုပ်ငန်း များမှာ ၆၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း   မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သတင်း ရရှိသည်။


Post a Comment

0 Comments