ထားဝယ်မြို့လယ်ရှိ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံးရှေ့တွင် လူစုလူဝေးဖြင့် မင်းမဲ့စရိုက်ဆန်စွာ ဆူပူအုံကြွသူများအား ဥပဒေနှင့်အညီထိန်းသိမ်း



 

ထားဝယ်မြို့လယ်ရှိ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံးရှေ့တွင် လူစုလူဝေးဖြင့် မင်းမဲ့စရိုက်ဆန်စွာ ဆူပူအုံကြွသူများအား ဥပဒေနှင့်အညီထိန်းသိမ်း


နေပြည်တော်၊  ဖေဖော်ဝါရီ - ၂၈

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ အဖြစ် သတ်မှတ်ကြေညာပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြည်သူများသို့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အား ချိုးဖောက်သူများနှင့် CDM  ပြုလုပ်ရန် နည်းအမျိုးမျိုး ဖြင့် လှုံဆော်၊ ဖိအားပေး သူများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာထားရှိပြီးဖြစ်သည်။

ထိုသို့ အသိပေးကြေညာထားရှိပြီး တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံးအရှေ့သို့ ယနေ့နံနက် ၁၀ နာရီခန့်မှစတင်၍  လူအင်အား ၁၀၀၀ ခန့် စုဝေး ရောက်ရှိလာပြီး ကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ရုန်းရင်းဆန်ခတ် ပြုမူခြင်းတို့ကို ဆောင်ရွက်လာခဲ့သည်။

ယင်းသို့ လှုံ့ဆော်ဆူပူအုံကြွသူများကို အုပ်ချုပ်မှုဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက လူစုခွဲရန် လက်ကိုင်အသံချဲ့စက်များဖြင့် အကြိမ်ကြိမ်သတိပေး မေတ္တာ ရပ်ခံခဲ့သော်လည်း လူစုခွဲခြင်းမရှိသည့်အပြင် လုံခြုံရေးအရကန့်သတ်ထားသော အတား အဆီးများအား ဖျက်ဆီးရန် ဆောင်ရွက်လာခဲ့သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဆူပူ အကြမ်းဖက်မှုဖြိုခွဲရေး လုပ်ငန်းစဉ် အဆင့်ဆင့်အတိုင်း ဥပဒေနှင့်အညီ အနည်းဆုံး အင်အား အနိမ့်ဆုံးအဆင့်ဖြင့် ဆန္ဒပြလူအုပ်ကြီးအား လူစုခွဲဆောင်ရွက်ခဲ့ရာ ခေတ္တလူစုကွဲခဲ့သည်။ ထို့နောက် ဆန္ဒပြသူများအနက် အင်အား ၁၀၀ ဦးခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များအား ခဲများဖြင့် အနီးကပ်ပစ်ပေါက်ပြီးမင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်လာခဲ့မှုကြောင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များက မလွှဲသာမရှောင်သာ .၁၂ဗို့ ရော်ဘာကျည်ဖြင့် ပစ်ခတ်လူစုခွဲခဲ့ရ သည်။

ထိုသို့ လူစုခွဲခြင်းဆောင်ရွက်စဉ် ဆန္ဒပြသူများအနက် ရှေ့ဆုံးမှဦးဆောင်ပစ်ခတ်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းတွင် သေမှုသေခင်းဖွင့်လှစ်၍ စုံစမ်းလျက်ရှိကြောင်း သိရ သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တည်ဆဲဥပဒေများဖြင့် အပြစ်မဲ့ ပြည်သူများအပေါ်အရေးယူလိုခြင်းမရှိသော်လည်း ပြစ်မှုဆိုင်ရာဥပဒေများကို အများပြည်သူ များသိရှိစေပြီး ဆူပူအုံ<က၍ တည်ငြိမ်မှုကိုပျက်ပြားစေမည့် အကြံဖြင့် သွေးထိုးမြှောက်ပင့် စည်းရုံးမခံရစေရေးတို့အတွက် အသိပေးကြေငြာချက်များထုတ်ပြန်သတိပေးထားပြီး ဖြစ်၍ အများ ပြည်သူများအနေဖြင့် သွေးဆောင်စည်းရုံးသူ ြီူ နိုင်ငံရေးသမားများ၏ စည်းရုံးမှုအကြံဆိုးများကို လက်သင့်မခံဘဲ မိမိတို့၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာကိစ္စရပ် များကိုသာ အေးချမ်းတည်ငြိမ်စွာ လုပ်ကိုင်ဆောင်ရွက်ကြရန် မေတ္တာရပ်ခံအပ်ပါသည်။

Post a Comment

0 Comments