ကျိုင်းတုံမြို့နယ်နှင့် တောင်ငူမြို့နယ်တို့ရှိ သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လောင်းလှူ

 



နေပြည်တော် ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊   ကျိုင်းတုံမြို့နယ်၊ ပန်ကွဲကျေးရွာ၊ ဗုဒ္ဓဥယျာဉ်တော်၌ ယနေ့နံနက်ပိုင်းတွင်  တြိဂံဒေသတိုင်း စစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက သီလဓမ္မကုန်းသာ တောရကျောင်းတိုက် (ဝစီပိတ်)ဆရာတော် ဘဒ္ဒန္တကောဝိဒနှင့် ဆရာတော်သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လောင်းလှူကြသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက တိုင်းဧချမ်းဓမ္မာရုံ၌ အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူကြသည်။

ထိုသို့ ဆက်ကပ်လောင်းလှူရာတွင် ကေတုမတီမြို့သစ်ရှိ  မြို့မဘုန်းတော်ကြီးကျောင်း၊  မြို့ဦးဘုန်းတော်ကြီးကျောင်း၊ မြစေတီဘုန်းတော်ကြီးကျောင်း၊ စိတ္တသုခဘုန်းတော်ကြီးကျောင်း၊ မဟာစည်သာသနာ့ရိပ်သာ ဘုန်းတော်ကြီးကျောင်း၊ အနန်းပင်တောရဘုန်းတော်ကြီးကျောင်းနှင့် သဲဖြူကျေးရွာဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များသည် တိုင်းဧချမ်းဓမ္မာရုံရှေ့သို့ အလှူခံကြွရောက်တော်မူကြပြီး တိုင်းမှူးနှင့် အရာရှိ၊  စစ်သည်၊ မိသားစုများက အရုဏ်ဆွမ်းများ ဆက်ကပ်လောင်းလှူခဲ့ကြောင်း သတင်းရရှိသည်။  

Post a Comment

0 Comments