နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ မိန့်ခွန်းပါ အချက်အလက်များအား အရာထမ်း/အမှုထမ်းများသို့ ရှင်းလင်းပြောကြားသည့် အခမ်းအနားကျင်းပ



နေပြည်တော်  ဖေဖော်ဝါရီ  ၂၅

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈  ရက်တွင်    နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ပြောကြား

ခဲ့သည့်မိန့်ခွန်းပါ   အချက်အလက်များ အားထုတ်နုတ်၍ ဌာနဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်သို့   ထပ်ဆင့်ညွှန်ကြားကာ နားလည်သဘောပေါက်စေရန် ရှင်းလင်းပြောကြားခြင်းအခမ်းအနားကို   ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌  Zoom Meeting ဖြင့်ကျင်းပရာ   ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး /ပြည်နယ်/ ခရိုင်အဆင့်    အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အချို့ဝန်ထမ်းများသည် ရှောင်တခင်ခွင့်များ၊ လုပ်သက်ခွင့်များ ယူနေကြသော်လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးခဲ့ပြီး အရေးယူဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း၊ ၂၁-၂-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအုပ်ချုပ်မှုရုံး၌     ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ အစည်းအဝေး ပြုလုပ်ခဲ့ပြီး  လက်ရှိလုပ်သက်ခွင့်ယူထားသူများကို ၂၄-၂-၂၀၂၁ ရက်နေ့အထိသာ ခံစားခွင့်ပြု ခဲ့ပါသဖြင့်    မီးဖွားခွင့်နှင့် အရေးကြီးသော ကျန်းမာရေးကိစ္စများမှအပ ကျန်ကိစ္စများဖြင့် အကြောင်း အမျိုးမျိုးကြောင့် လုပ်သက်ခွင့်ယူထားသူများကို ၂၅-၂-၂၀၂၁ ရက်နေ့တွင်   လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ရန်နှင့် တာဝန်ထမ်းဆောင်ခြင်းမရှိပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ထမ်းတစ်ဦးချင်းစီသို့ စာပေးပို့ခဲ့ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းများသည် COVID-19 Lockdown၊ Stay at Home တွေကြောင့် အခက်အခဲများဖြစ်ခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် လုပ်ငန်းအားဖြင့် လုံခြုံမှုအပြည့်ရှိကြောင်း၊ အခြားအခွင့်အလမ်းများဖြစ်သည့် နေထိုင်ရေးကိစ္စများ၊ ပြည်ပသင်တန်းကိစ္စများ၊ ပင်စင်လစာစသည့် အခွင့်အလမ်းများရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်ရခြင်းကို ဂုဏ်ယူရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန   ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရွှေမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် နိုင်ငံတော်၏အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ ပြောကြားခဲ့သည့် မိန့်ခွန်းပါ အချက်အလက်များကိုထုတ်နုတ်၍ Zoom Meeting ဖြင့် တက်ရောက်လာကြသော ဝန်ကြီးရုံးနှင့်ဦးစီးဌာနများ၏   ရုံးချုပ်၊ ပြည်နယ်/တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား နားလည်သဘောပေါက်စေရန်  ချပြရှင်းလင်းပြောကြားခဲ့ကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရ

သည်။

Post a Comment

0 Comments