နေပြည်တော် ဖေဖော်ဝါရီ ၂၅
၂ဝ၂၁
ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင်
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဘိုးလိန်းအောင်မ င်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား
ပြည်သူလူထုအချို့မှ လာရောက်ကာ နိုင်ငံတော်မှ ရွေးချယ်တာဝန်ပေးအပ်သော အုပ်ချုပ်ရေးမှူးအား
လက်မခံနိုင်ကြောင်းနှင့် အုပ်ချုပ်ရေးရုံးအား သော့ခတ်ပိတ်ဆို့ပြီး လူစုလူဝေးဖြင့် ဆန့်ကျင် ဆန္ဒပြနေကြောင်း သတင်းရရှိခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဥပဒေနှင့်အညီ ထိန်းသိမ်း
ဆောင်ရွက်နိုင်ရေးအတွက် ၎င်းနေရာသို့ သွားရောက်ခဲ့ပါသည်။
၎င်းနေရာသို့ ရောက်ရှိစဉ် ရပ်ကွက်နေ ပြည်သူလူထု (၄ဝဝ)ကျော်ခန့်မှ သံပုံးတီးခြင်း၊ ဆူပူအော်ဟစ်ပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအား အဓိကရုဏ်းဆန်ဆန် ပြုမူဆောင်ရွက်ရန် ကြိုးစားလာခဲ့သဖြင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် အသံမြည်ဗုံးဖြင့် ပစ်ခတ်ခြင်း၊ .၁၂ ဗို့ကျည်အား မိုးပေါ်ထောင်ဖောက် အသံပေးပစ်ခတ်ခြင်းများအား ဆောင်ရွက်ကာ လူစုခွဲခဲ့ရပါသည်။
ဖော်ပြပါဖြစ်စဉ်တွင် အဓိကရုဏ်း ဆန်စွာဖြင့် နိုင်ငံတော်အား ဆန့်ကျင်ခဲ့သည့် ဦးစီးဦးဆောင်ပြုလုပ်သူ အမျိုးသား (၁၃) ဦးနှင့် အမျိုးသမီး (၁ဝ) ဦး ပေါင်း (၂၃) ဦးအားဥပဒေအရ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခုဖြစ်စဉ်ပါကဲ့သို့ ဖြစ်စဉ်ဖြစ်ရပ်များအား အခြားဒေသ၊ အခြားနေရာများတွင် ဖြစ်ပွားလာပါကထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
0 Comments