မြောင်းမြမြို့ ပြည်သူ့ဆေးရုံ၊ ဟင်္သာတမြို့ တလုတ္ထော်တိုက်နယ်ဆေးရုံ၊ ဓမ္ဘီတိုက်နယ်ဆေးရုံနှင့် ငပုတောမြို့၊ မကျည်းပင်တိုက်နယ်ပြည်သူ့ဆေးရုံများမှ ဆရာဝန်များကို ဆေးရုံများ ပိတ်ထားခြင်းကြောင့် နစ်နာသူများ ကအမှုဖွင့်လှစ်

 


နေပြည်တော်  ဖေဖော်ဝါရီ  ၂၅

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြောင်းမြမြို့ ပြည်သူ့ဆေးရုံ၊ ဟင်္သာတမြို့၊ တလုတ္ထော်တိုက်နယ်ဆေးရုံ၊ ဓမ္ဘီတိုက်နယ်ဆေးရုံနှင့်ငပုတောမြို့ မကျည်းပင်တိုက်နယ် ပြည်သူ့ဆေးရုံများမှ  ဆရာဝန်ခြောက်ဦးတို့သည် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းမရှိဘဲ CDM ပြုလုပ်၍   ဆေးရုံများအား ပိတ်ထားကြောင်း သိရှိရပါသည်။

ထိုသို့ ဒေသခံပြည်သူလူထု၏ ကျန်းမာရေးလုပ်ငန်းများကို မျက်ကွယ်ပြု၍ ဆောင်ရွက်ပေးခြင်းမရှိဘဲ ဆရာဝန်များ၏ စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်၍ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သောကြောင့် အသက် မဆုံးရှုံးသင့်သည့် ဒေသခံပြည်သူများ အသက်ဆုံးရှုံးခဲ့ရသဖြင့် နစ်နာသူပြည်သူများက မြောင်းမြမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး    ဒေါက်တာနှစ်ဆန်းဦး၊ ဒေါက်တာယုယု၊  ဒေါက်တာဇော်မိုးရှိန်တို့သုံးဦးအား (ပ)၁၂၇/၂၀၂၁၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)ဖြင့်လည်းကောင်း၊ ဟင်္သာတမြို့၊ တလုတ္ထော်တိုက် နယ်ဆေးရုံမှ ဒေါက်တာကိုကိုဇင်အား (ပ)၂၁/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် လည်းကောင်း၊   ဓမ္ဘီတိုက်နယ်ဆေးရုံမှ ဒေါက်တာအေးငြိမ်းချမ်းအား (ပ)၂၂/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ဖြင့် လည်းကောင်း၊ ငပုတောမြို့ မကျည်းပင်တိုက်နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာဝေဖြိုးသူအား (ပ)၂၀/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်လှစ်ခဲ့ကြပြီး တရားခံများအား ဖမ်းဆီးရမိရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(၁၀၀)

Post a Comment

0 Comments