နေပြည်တော် ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ် ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်မည့် မဟာဗောဓိစေတီတော် ''ပန်းလည်တိုင် စိုက်ထူခြင်း'' မဟာမင်္ဂလာအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ သာသနာ့ဝေပုလ္လကျောင်း ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိဇယ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ
တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တူယားကျောင်းတိုက် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာသာမိထံမှ ကိုးပါးသီလ
ခံယူ ဆောက်တည်ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက သံဃာတော်များထံသို့ ပန်းလည်တိုင်နှင့်
ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်တို့ကို
ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်၊ သံဃာတော်များထံမှ ပရိတ်တရားတော်များကို နာယူကြသည်။
ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး သာသနာ့ဝေပုလ္လကျောင်း ဆရာတော်ထံမှ အနုမောဒနာတရား နာယူပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။
0 Comments