နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၄
နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စားရေးအခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင် လျက်ရှိသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် ဆေးဝါးများ၊ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများ၊ ရဲတပ်ဖွဲ့မှူးရုံးများနှင့် သက်ဆိုင်ရာ ရဲစခန်းများ၌ ပေးအပ် လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ခေးနင်းအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာနှင့်တာပုံစစ်မှုထမ်းဟောင်းအိမ်ရာ၊ လောက်ကိုင်မြို့ ရှိ စစ်မှုထမ်းဟောင်းအိမ်ရာတို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူုး ဗိုလ်မှူးချုပ် လှမိုးနှင့် အဖွဲ့ဝင်များက လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စုရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအတွက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက လည်းကောင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ သင်္ကန်းညီနောင်တပ်နယ်မှ တာဝန်ရှိသူများက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့၊ ခြေတော်ရာကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအတွက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရွှေကျင်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး တင်လင်းဦးနှင့်အဖွဲ့ဝင်များက လည်းကောင်း သွားရောက်တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
0 Comments