တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများအား တပ်မတော်ဆေးရုံများ၌ ဆက်လက် လက်ခံကုသ

 



နေပြည်တော်  ဖေဖော်ဝါရီ  ၂၄

တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာအခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူ ပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော် ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြင်ပမှ ဆရာဝန်များသည်လည်း ၎င်းတို့၏ သဘောဆန္ဒအလျောက် ကုသရေးလုပ်ငန်း များတွင် လာရောက်ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ တပ်မတော်ဆေးရုံများသို့ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၂၇၉၉၇ ဦး၊ အတွင်းလူနာ၃၂၁၃ ဦးကိုလွှဲပြောင်းခဲ့ပြီး တပ်မတော်မှ ပါရဂူများ၊  ဆေးမှူးများ၊  သူနာပြုများက ပြည်သူများကို ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သည့် လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် ဆေးရုံတက် လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် စီမံ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့လာရောက် ကုသမှု ခံယူလျက်ရှိသည့် လူနာများအနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၁၂၁ဝ ဦး၊ အသေးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၆၃၃ ဦး၊ စုစုပေါင်း ၁၈၄၃ ဦးတို့ကို ခွဲစိတ် ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့်   လူနာများကိုလည်း   ပါရဂူများ၊ ဆေးမှူးများက   အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန်အခက်အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံ အသီးသီးတွင် တက်ရောက် စေလျက်ရှိပြီး ၎င်းတို့အနက် ၇ဝ၃ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၁ဝ၈၈ ဦးကို သာမန်မွေးဖွား ပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ အနာဂတ်မျိုးဆက်သစ် ကလေးငယ် ၁၇၉၁ ဦးကို မွေးဖွားနိုင်ခဲ့သည်။



တိုင်းရင်းသားပြည်သူများ အနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာပါက နီးစပ်ရာ တပ်မတော်ဆေးရုံများသို့  အချိန်မရွေး ဆက်သွယ်ဆေးကုသမှု ခံယူနိုင်ကြောင်းနှင့် သက်ဆိုင်ရာ ဆေးရုံများမှလည်း လွှဲပြောင်းကုသမှု ခံယူနိုင်ကြောင်း သိရှိရသည်။

ယနေ့တွင် သက်ဆိုင်ရာမြို့နယ်များရှိ နယ်မြေခံတပ်မတော် ဆေးရုံများသို့ ဆေးရုံလာရောက် ပြသသူများနှင့် ဆေးရုံတက် လူနာများအား သက်ဆိုင်ရာ တိုင်းစစ်ဌာန

ချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ဆေးရုံတက်ရောက် ကုသမှု ခံယူနေသော လူနာများအတွက် စားသောက်ဖွယ်ရာများ   ပေးအပ်ခဲ့ကြသည်။

အလားတူ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံနှင့် တောင်ကြီးမြို့ရှိ နယ်မြေခံ ဆေးတပ်ရင်းများသို့ ယနေ့နေ့လယ်ပိုင်းတွင် သွားရောက်၍ အောင်ပန်းမြို့ရှိ တပ်မတော် ဆေးရုံအတွက် အလှူငွေကျပ်သိန်း ၃ဝ နှင့်ဆေးရုံဝန်ထမ်းများအတွက် အလှူငွေကျပ် ၁၆ သိန်း ၆ သောင်းတို့ကို လည်းကောင်း၊ တောင်ကြီးမြို့ရှိ နယ်မြေခံ ဆေးတပ်ရင်းအတွက် အလှူငွေကျပ်သိန်း ၂ဝ ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကြသည်။

ယင်းနောက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်   အဖွဲ့ဝင်များသည် ဆေးရုံနှင့် ဆေးတပ်ရင်းများ၌ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသော သံဃာ တော်များ၊ ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအားလိုက်လံကြည့်ရှု အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းသတင်း ရရှိသည်။            

Post a Comment

0 Comments