နေပြည်တော် ဖေဖော်ဝါရီ ၂၄
COVID-19 ရောဂါဖြစ်ပွားမှုကြောင့်
ကူးသန်းသွားလာမှုများ ရပ်ဆိုင်းကာ သီးနှံများ ဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများ
အနေဖြင့် ရောင်းချရန် အခက်အခဲဖြစ်ပေါ်၍ သီးနှံများ ပျက်စီးဆုံးရှုံးနိုင်သည့် အခြေအနေများ
ဖြစ်ပေါ်နေသောကြောင့် နယ်မြေခံ တပ်မတော်သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ
ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ရာသီ သီးနှံများကို ဝယ်ယူပေးလျက်ရှိသည်။
ထိုသို့ ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တီကျစ်မြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ လုံးပိုကျေးရွာနှင့် လွင်ရွာရှိ ဒေသခံတောင်သူများထံမှ ဂေါ်ဖီထုပ် ၁၅၄၇၁ ထုပ်နှင့် ဟဲဟိုးမြို့မှ အာလူး ၁၅၄၇၁ ပိဿာတို့ကို ဒေသခံ တောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ထပ်မံဝယ်ယူပေးခဲ့သည်။
အလားတူ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ယနေ့တွင်မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ဆုံတွင်းကျေးရွာအုပ်စု၊ မကျီးပင်ပုကျေးရွာရှိ ဒေသခံ တောင်သူများထံမှ ငွေကြက်သွန်နီ ၇ဝဝဝ ပိဿာတို့ကို ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ဝယ်ယူပေးခဲ့ကြောင်း သတင်းရရှိသည်။
0 Comments