နေပြည်တော် ဖေဖော်ဝါရီ ၂၄
COVID-19ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရန်အတွက် နယ်မြေခံ တပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက်လိုက်လံ ပေးဝေလှူဒါန်းလျက်ရှိသည်။
ယနေ့တွင်ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပန်းခြံစုရပ်ကွက်၊ ကြူစမ်း ရပ်ကွက်၊ ၂-ခ ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ဘူတာဈေးရပ်ကွက်၊ မှော်ဘီမြို့နယ်၊ လက်ပံ တန်းစုကျေးရွာ၊ ဝါးပတောကျေးရွာ၊ ဝါးနက်ချောင်းကျေးရွာ၊ ကုလားကြီးကုန်းကျေးရွာ၊ တပ်ကြီးကုန်းကျေးရွာတို့ရှိ အိမ်ထောင်စု၅၅ဝဝ စုတို့အတွက် ဆန်နှင့် ဆီများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် သွားရောက်ပေးအပ်သည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ် ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာရှိ အိမ်ထောင်စု၆ဝဝ စု၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မြင်စိုင်းကျေးရွာအုပ်စု၊ ကိုးပင်ကွေ့ ကျေးရွာနှင့် မိချောင်းရဲကျေးရွာတို့ရှိ အိမ်ထောင်စု ၆ဝဝ စုတို့အတွက် ဆန်နှင့် ဆီများကို ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
0 Comments