နေပြည်တော် ဖေဖော်ဝါရီ ၂၅
COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများအား ရပ်ဆိုင်းထားရှိရာမှ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးအတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများက အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့် ထိန်းသိမ်းစောင့်ရှောက်မှုများ ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ လဲချားမြို့၊ မိုင်းနောင်မြို့၊ မိုင်းပွန်မြို့၊ ကွန်ဟိန်းမြို့၊ မိုးနဲမြို့တို့ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အခြေခံပညာ အလယ်တန်း ကျောင်းခွဲ၊ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ ပျဉ်းတောကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၊ စစ်တွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့၊ သာယာဝတီမြို့၊ ဥသျှစ်ပင်မြို့တို့ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အခြေခံပညာ အလယ်တန်းကျောင်းခွဲတို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ကျောင်းဝင်းများအတွင်းရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် စာသင်ဆောင်များ အတွင်း/အပြင်သန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
(၁၀၀)
0 Comments