မိဘပြည်သူများအနေဖြင့် စိတ်အေးချမ်း သာယာစွာနေ ထိုင်အိပ်စက်နိုင်စေရေး၊ ရပ်ရွာအေးချမ်းသာယာမှု ရှိစေရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့ညမပြတ်လုံခြုံရေး ဆောင်ရွက်

 


နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၇

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးတို့အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှ စတင်၍ လုံခြုံရေးအား ပြည့်ဝစွာဆောင်ရွက်ပေးလျက်ရှိသည်။




ယနေ့တွင်လည်း မိဘပြည်သူများအနေဖြင့် စိတ်အေးချမ်း သာယာစွာနေထိုင် အိပ်စက်နိုင်စေရေး၊ ရပ်ရွာအေးချမ်း သာယာမှု ရှိစေရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ရှိမြို့နယ်များ၌ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို ပြည့်ဝစွာ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက နေ့ညမပြတ် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments