နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၃
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသား
ပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာအခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူ ပြုစေရန်အတွက်
မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေး
စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြင်ပမှဆရာဝန်များသည်လည်း ၎င်းတို့၏
သဘောဆန္ဒအလျှောက် ကုသရေးလုပ်ငန်းများတွင် လာရောက်ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း
သိရှိရသည်။
ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများသို့ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၂၅၁၄၆ ဦး၊ အတွင်းလူနာ ၃၀၇၈ ဦးကို လွှဲပြောင်းခဲ့ပြီး တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် ပြည်သူများကို ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ် ပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ဆေးရုံတက် လူနာများနှင့် လူနာစောင့်များ နေထိုင် စားသောက်ရေး အဆင်ပြေစေရန်အတွက် စီမံဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့
လာရောက်ကုသမှု ခံယူလျက်ရှိသည့် လူနာများအနက် အကြီးစား ခွဲစိတ်ကုသ ရန်လိုအပ်သူ ၁၀၉၀
ဦး၊ အသေးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၅၇၃ ဦး၊ စုစုပေါင်း ၁၆၆၃ ဦး တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး
စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။
၎င်းင်းအပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံ အသီးသီးတွင်
တက်ရောက် စေလျက်ရှိပြီး ၎င်းင်းတို့အနက် ၆၄၂ ဦးကိုခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၉၉၂
ဦးကို သာမန် မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ အနာဂတ် မျိုးဆက်သစ် ကလေးငယ် ၁၆၃၄
ဦးကို မွေးဖွားနိုင်ခဲ့သည်။
တိုင်းရင်းသားပြည်သူများ အနေဖြင့် ကျန်းမာရေးဆိုင်ရာ
အခက်အခဲများ ဖြစ်ပေါ်လာပါက နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ အချိန်မရွေး ဆက်သွယ်ဆေးကုသမှု
ခံယူနိုင်ကြောင်းနှင့် သက်ဆိုင်ရာဆေးရုံများမှလည်း လွှဲပြောင်းကုသမှု ခံယူနိုင်ကြောင်း
သိရှိ ရသည်။
ယနေ့တွင် သက်ဆိုင်ရာမြို့နယ်များရှိ နယ်မြေခံ
တပ်မတော်ဆေးရုံများသို့ ဆေးရုံ လာရောက်ပြသသူများနှင့် ဆေးရုံတက်လူနာများအား သက်ဆိုင်ရာ
တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု
အားပေးပြီး ဆေးရုံ တက်ရောက်ကုသမှု ခံယူနေသော လူနာများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။
ယင်းသို့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးမှုအပေါ်
ယခု လိုပဲကြား သိရပါသည်-
''ကလေးက
၆ ပေအမြင့်လောက်ရှိတဲ့ အပေါ်က တဲပေါ်ကို ပြုတ်ကျခဲ့တာပါရှင့်။ ကန့်ဘလူမှာ ဆေးခန်း ပြခဲ့ပါတယ်ရှင့်။
ကန့်ဘလူကနေ ရွှေဘို။ ရွှေဘိုကနေ တစ်ဆင့် ဒီဆေးရုံကို ရောက်လာတာပါရှင့်။ ဒီမန္တလေးဆေးရုံကြီးမှာ ဓာတ်မှန်ရိုက်ကြည့်တယ်။ ကလေးခေါင်းကို ဓာတ်မှန် ရိုက်ကြည့်လိုက်တဲ့အခါမှာ ကလေးခေါင်းမှာ သွေးခဲသွားတယ်။ ၂၅ သိန်းလောက် ကုန်မယ် လို့ပြောတော့ ကျမတို့မှာ အဲ့ဒီလောက်ငွေကို မတတ်နိုင်ဘူးရှင့်။ ဖုန်းကနေတစ်ဆင့် ရှာကြည့်တော့ နန်းတွင်းထဲကို ပြကြည့်တယ်။ နန်းတွင်းထဲကနေ တစ်ဆင့် ဒီတပ်မတော် ဆေးရုံကို လွှဲလိုက်တာပါရှင့်။ အဆင်ပြေပါတယ်ရှင့်။ ကလေးကိုလည်း ခဏခဏ လာကြည့်ပါတယ်ရှင့်။ အားလုံးလိုလေသေး မရှိအောင်လည်း ပြုစုပါတယ်ရှင့်။ သမီးလေး ဆိုရင် သူတို့ပေးတဲ့ အသက်ပဲရှိပါတော့တယ်။ ကိုယ့်လိုပုံစံမျိုးနဲ့ဆိုရင် သမီးလေးရဲ့ အခြေအနေ ကျွန်မတို့ မကယ်နိုင်ပါဘူး။ ဒီတပ်မတော်ဆေးရုံကြီးကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်'' ဟု ကန့်ဘလူမြို့နယ်မှ ဆေးရုံတက်ရောက်နေသည့် ကလေးငယ်၏ မိခင်ကပြောသည်။
''ကျွန်မက
ကသာမြို့ကနေ မန္တလေးမှာ ဆေးလာကုတယ်။ ဆေးခန်းတွေ ပိတ်ထား တဲ့အတွက်ကြောင့် ကျွန်မတို့က
တပ်မတော်ဆေးရုံမှာ အကူအညီတောင်းပြီး လာကုရ
တာပါ။
တပ်မတော်က တာဝန်ရှိသူတွေ အားလုံးနွေးထွေးပါတယ်ရှင့်။ ဆရာဝန်တွေ၊
ဆရာမတွေအားလုံး နွေးထွေးပါတယ်ရှင့်။
သူ့အချိန်နှင့်သူ ဆေးလာတိုက်၊ ဆေးထိုး အားလုံးနွေးထွေးပါတယ်ရှင့်။
ငွေရေးကြေးရေးလည်း
တစ်ပြားမှမကုန်ဘူး။ အခမဲ့ကုပေးပါတယ်။ ထိုင်တောင် ကန်တော့ချင်တယ်။ အများကြီး ကျေးဇူးတင်ပါတယ်''ဟု
ကသာမြို့မှ ဆေးရုံတက်ရောက် ကုသနေသည့် အမျိုးသမီးတစ်ဦးက
ပြောသည်။
0 Comments