ရန်ကုန်မြို့တော်ဝန် ရန်ကုန်မြို့ပေါ်ရှိ လမ်း၊ တံတားဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များ ကွင်းဆင်းစစ်ဆေး

 



ရန်ကုန်  ဖေဖော်ဝါရီ  ၂၅

ရန်ကုန်မြို့တော်  စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် ဒုတိယဥက္ကဋ္ဌ  (ဒုတိယမြို့တော်ဝန်) ဦးညီညီတို့သည် လမ်း၊ တံတားဆိုင်ရာလုပ်ငန်းတာဝန်ခံအဖွဲ့မှ  တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် ၈ နာရီတွင် ဒဂုံမြို့နယ် ဦးဝိစာရလမ်း ရွှေတိဂုံဘုရား အနောက်ဘက်မုခ်ဦးအနီးတွင် ပြုလုပ်ထားသည့် Taxi  Stand အားသွား ရောက်ကြည့်ရှု၍ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ခရီးသွားများ   သက်သောင့်သက်သာ စောင့်ဆိုင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

 ရန်ကုန်မြို့သည်    ယာဉ်သွားလာမှုကျပ်တည်းသည့်အလျောက်ယာဉ်သွားလာမှု အနှောင့်အယှက်မဖြစ်စေရေးနှင့်   Taxi  Stand  အငှားယာဉ်များ စနစ်တကျရပ်တန့်နိုင်ရေးအတွက် Taxi  Stand များထားရှိခြင်းဖြစ်ရာ ရန်ကုန်မြို့အနှံ့အပြား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ဒေါပုံမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့အားဆက်သွယ်ထားသည့် ငမိုးရိပ်ချောင်းကူး သာကေတတံတားဟောင်းသို့  သွားရောက်ကာ စက်ဘီးလမ်းနှင့် လူသွားလမ်းပါသော Linear Park တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊  ဧရာဝဏ်လမ်းမကြီး၊   ကွမ်းအပ်မင်းသားလမ်းနှင့် မင်းရဲကောင်းပုံလမ်းကြား ကွန်ကရစ်လမ်း တိုးချဲ့ခြင်းလုပ်ငန်းခွင်သို့   သွားရောက်၍ သတ်မှတ်ချိန်အတွင်း  လုပ်ငန်းပြီးစီးရေး၊ စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကိုမှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၉ နာရီခွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ပြည်သူကို ဝန်ဆောင်မှုပေး ရသည့်ဌာနဖြစ်သည့်အတွက်    ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ    အဆင်ပြေ ချောမွေ့စေရေး ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။          

ဝန်းရံခ

Post a Comment

0 Comments