ငပလီမြို့နှင့် သာယာဝတီမြို့တို့တွင် တပ်မတော်ထောက်ခံပွဲများပြုလုပ်


 

ငပလီမြို့နှင့် သာယာဝတီမြို့တို့တွင် တပ်မတော်ထောက်ခံပွဲများပြုလုပ်


နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၈

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ တပ်မတော်အား ထောက်ခံပွဲကို ယနေ့တွင်   ရခိုင်ပြည်နယ်၊ ငပလီမြို့တွင် အင်အား ၁၀၀၀ ဦးဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် အင်အား ၁၅၀၀ ဦးတို့ဖြင့် လည်းကောင်း အသီးသီး ပြုလုပ်ခဲ့ကြပြီး ဆန္ဒဖော်ထုတ်ရာတွင် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲမဲမသမာမှု၊ မဲခိုးမှုများ အမြန်ဖော်ထုတ်ပေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့်အညီ ဆောင်ရွက်လျက် ရှိသည့် မြန်မာ့တပ်မတော်အား ထောက်ခံပါသည်၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရသစ်အား ကြိုဆိုထောက်ခံပါသည်၊ ဥပဒေနှင့်အညီဖွဲ့စည်း ထားသည့့်နဃ အသစ်အား ကြိုဆိုပါသည်၊ ပြည်ပအားကိုးပုဆိန်ရိုး အမျိုးသားရေး သစ္စာဖောက်များအား အလိုမရှိ၊ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ မြန်မာပြည်ကြီး အေးချမ်းပါစေ၊ ဥပဒေနှင့်မညီသော ရွေးကောက်ပွဲရလာဒ် အလိုမရှိ၊ အမျိုးဘာသာသာသနာကို စောင့်ရှောက် ပေးသော မြန်မာ့တပ်မတော်အား ထောက်ခံ ပါသည်၊ တပ်မတော်နှင့်ပြည်သူ သွေးခွဲသူ ဒို့ရန်သူ၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ပေးမည့် တပ်မတော်အား ထောက်ခံပါသည် စာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင်ေ<ကးကြော် ခဲ့ကြသည်။

အများပြည်သူများအနေဖြင့် တပ်မတော်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ မဲမသမာမှုဖြစ်စဉ်များအပေါ် ရွေးကောက်ပွဲကော်မရှင်တစ်ရပ်အား ဖွဲ့စည်းကာ စိစစ်နိုင်ရေး ဆောင်ရွက်နေမှုများကို အများပြည်သူများမှ ထောက်ခံသည့် ဆန္ဒဖော်ထုတ်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments