ယနေ့တိုင်ပုံမှန်ပြုလုပ်နေရသည့် မြန်မာ့ရိုးရာစက္ကူအရုပ်များ

 



ယနေ့တိုင်ပုံမှန်ပြုလုပ်နေရသည့် မြန်မာ့ရိုးရာစက္ကူအရုပ်များ


စစ်ကိုင်း၊ လက်မှုပညာ


စစ်ကိုင်းမြို့တွင်ပြုလုပ်သော အောင်မြင်ခြင်း သင်္ကေတများပါရှိသည့် မြန်မာ့ရိုးရာစက္ကူအရုပ်များကို ယနေ့ တိုင်ဝယ်ယူသုံးစွဲလျက်ရှိသည့်အတွက် တစ်နှစ်ပတ်လုံး ပုံမှန်ပြုလုပ်ကာ ဒေသအနှံ့ဖြန့်ချိလျက်ရှိသည်။ စက္ကူအရုပ်များတွင် အဓိပ္ပာယ်အသီးသီး ဆောင်နေသည့်အရုပ်များနှင့်အတူ ကစားစရာများ၊ ရိုးရာနတ် ကိုးကွယ်မှုဆိုင်ရာ အရုပ်များကိုပါ ပြုလုပ်ရောင်းချကြရသည်။


မြန်မာ့ရိုးရာ ကစားစရာစက္ကူအရုပ်များကို ကစားစရာအဖြစ်လည်းကောင်း အောင်မြင်ခြင်း သင်္ကေတအဖြစ် လည်းကောင်း၊ သတ်မှတ်ဝယ်ယူလေ့ရှိသည်။ ဇီးကွက်ရုပ်များကိုမူ လာဘ်ကောင်အဖြစ်ဝယ်ယူကာ ချိတ်ဆွဲ တတ်သည်။ အများအားဖြင့် ဇီးကွက်အဖိုအမတစ်စုံကို ဝယ်ယူချိတ်ဆွဲသည့်ဓလေ့ ယနေ့တိုင်ရှိနေသည်။ ပစ်တိုင်းထောင်အရုပ်များကိုမူ ချစ်စရာ ပုံသဏ္ဌာန်ပြုလုပ်ထားသည့်အတွက် ကလေးလူကြီး နှစ်သက်ကြ သည်။ ပစ်တိုင်းထောင်ကို ကစားစရာအဖြစ် အဓိကထားဝယ်ယူခြင်းနှင့်အတူ အလှတင်လေ့ရှိသည်။ လူငယ်များအတွက် ဘဝအတွက် ရုန်းကန်နေသူများကမူ အဓိပ္ပာယ်အသီးသီးဖြင့် ဝယ်ယူချိတ်ဆွဲသည်ကို လည်း တွေ့ရသည်။


မြန်မာ့ရိုးရာဖိုးဝရုပ်၊ ဇီးကွက်ရုပ်၊ ပစ်တိုင်းထောင်မှအစ အခေါင်းပွစက္ကူအရုပ်များကို ပုံသွင်းထားပြီးသော မိုပေါ်တွင် စက္ကူများကပ်ပြီး  လှပစွာပြုလုပ်ဆေးခြယ်ကြသည်။ အရုပ်တိုင်းတွင် ဆေးရောင်များ တူညီစွာ ခြယ်သပြီး အလှဆင်လေ့ရှိသည်။ လက်ရှိကာလတွင် ဘုရားပွဲများ၊ တန်ခိုးကြီးဘုရားပွဲများ၊ ပွဲဈေးတန်းများ မရှိသော်လည်း ဆိုင်များတွင်တင်ကာ မြန်မာ့ရိုးရာ စဉ့်အိုးစဉ့်ခွက်များနှင့်အတူ တွဲဖက်ရောင်းချ လျက်ရှိ ကြောင်း  သိရသည်။       


 နွေနဒီ၊ မြစ်ငယ်

Post a Comment

0 Comments