မုန်း၍မဟူ
"ဂျာနယ်ကျော် မမလေး"
ယမန်နေ့မှအဆက်
ဖခင် ဝေဒနာသက်သာရာရသွားမှာပဲဟု အောက်မေ့ကာဖေဖေတော့ ဒီနေ့မနက်ပဲ ချောင်းဆိုးရင်း
သွေးစပါလာလို့ သမီးတို့ဖေဖေ့အတွက် စိုးရိမ် ပူပန်နေကြရပါတယ်။ ဆရာဝန်ခေါ်ပြီး ဆေးထိုးပါတယ်။
ညနေပိုင်းတော့ သွေးပါနည်းနည်း သက်သာပါတယ်။ ဖေဖေက မရေးပါနဲ့၊ စိတ်ချမ်း ချမ်းသာသာ တရားအားထုတ်ပါစေလို့
ပြောပါ တယ်။ ဒါပေမဲ့ မယ်တော်သိစေဖို့ရေးလိုက်ပါတယ်။
မယ်တော်သွန်သင်ပို့ချတဲ့ တရားတော်ကို အားထုတ်လေ့လာပါ့မယ် မယ်တော်ရှင့်...။
ဝေေ၀သည် မိခင်ထံစာရေးပြီး ပြန်ဖတ်ကြည့်နေစဉ် အိမ်ရှေ့၌လူသံကြား၍ မော့ကြည့်လိုက်သည်။
စီးကရက်သံဘူးကို လက်တစ်ဖက်ကကိုင်ကာဦးထုပ်ကို ပိုက်လျက်အိမ်ထဲ စိုက်စိုက်ဝင်လာသော
ဦးစောဟန်ကိုမြင်၍ ရုတ်တရက်ငေးနေမိသည်။
“ဦး ရှိသလား...”
ဦးစောဟန်သည် တံခါးဝ၌ ရပ်လျက်လှမ်းမေးကြည့်သည်။မျက်လုံးများသည် ကြည့်သာကြည့်ရသည်။
ရဲရဲတင်းတင်း မကြည့်ရဲပေ။ နေရာမှထကာ “ရှိပါတယ်၊ ဝင်ပါ”ဟု ဖိတ်ခေါ်လိုက်သည်။
ဦးစောဟန်သည် စားပွဲနားသို့ ဖိနပ်သံမမြည်ရန် ခပ်ဖော့ဖော့နင်းလျှောက်လာသည်။ “အိပ်နေသလား၊
အိပ်နေရင်လည်း မနှိုးပါနဲ့” ဝေေ၀မှာဘယ်လိုပြန်ပြောရမှန်း မပြောတတ်ဖြစ်ကာ နောက်မှကြည့်ပြောရသည်။
“ဖေဖေစောစောကပဲ အိမ်ပေါ်တက်သွားပါတယ်၊ အိပ်ပျော်နေသလား မသိပါဘူး၊ နေမကောင်းလို့ပါ”ဦးစောဟန်သည်
ဝေေဝ့ကိုစိုက်ကြည့်နေသည်။ အကြည့်မှာ စူးလွန်း၍ဖြောင့်အောင်သတိထားပြောရလေသည်။ “နေမကောင်းဘူးလား၊
ဘာဖြစ်လို့လဲ၊ နေမကောင်းရင် မနှိုးပါနဲ့၊ အိပ်ပါစေ” ဦးစောဟန်သည် ဝေေဝ့အဖြေကို စောင့်လျက်စိုက်ကြည့်ရင်း
မျက်နှာပြောင်းကာ ပြုံးသလိုလိုမျက်နှာချိုထားလေသည်။
“မနက်က စောစောပဲ ဂိုဒေါင်ကိုသွားပါတယ်၊ ပြန်လာပြီး ချောင်းဆိုးတော့ သွေးစပါလာတယ်”ဝေဝေ့စကားမဆုံးခင်
ဦးစောဟန်သည် ကြောက်တွန့်သွားသလို ပခုံးနှစ်ဖက်လှုပ်ကာမျက်မှောင်ကုတ်လျက်-
“ဆရာဝန် မခေါ်ဘူးလား” ဟု ဖြတ်မေးလိုက်သည်။
“ခေါ်ပါတယ်၊ ဆေးထိုးပေးပါတယ်” ဝေေ၀သည် ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။ တွေ့စက
ဟန်ကြီးပန်ကြီး နိုင်လိုက်တာဟုအောက်မေ့ထားသော ထင်မြင်ချက်သည် ပြင်ရမလို ဖြစ်လာပြန်သည်။
စကားပြောကြည့်မှ ဖော်ဖော်ရွေရွေရှိသားပဲဟု စိတ်ထဲ၌အတွေး အထင်ပြောင်းသွားသည်။
“ဆရာဝန်က ဘာပြောသလဲ”
ဝေေ၀သည် ခပ်သွက်သွက်အဖြေပေးဖို့ရန်မခက်တော့ပေ။ မေးခွန်းတစ်ခွန်းထက် တစ်ခွန်းဂရုစိုက်ဟန်၊
စိတ်ဝင်စားဟန် ပေါ်ပေါက်ဖော်ပြနေသဖြင့် ရဲရဲဖြေရန် အားရှိလာသည်။
“ဆရာဝန်က ချောင်းဆိုးသွေးပါရောဂါ မဟုတ်ပါ ဘူးတဲ့၊ အထက်ကို အပူလျှံတာ ကိစ္စမရှိဘူးလို့
ပြောသွားပါတယ်” ဦးစောဟန် မျက်နှာတွင် စဉ်းစားလိုက်သည့်အမူအရာဖြစ်ပေါ်ကာ “နောက်တုန်းကဒီလိုဖြစ်ဖူးသလား”
ဟု ဆက်မေးပြန် သည်။
သာယာညင်းပျောင်းစွာ မေးနေလျက် မျက်နှာမကောင်းသလို အမူအရာမျက်နှာထားဖြင့် ဝေေ၀့ကို
ငေးကြည့်နေလေ သည်။ဝေေ၀သည် မျက်တောင်ကလေးပင့်၍ကြည့်လျက် ပြုံးယောင်ယောင်မျက်နှာဖြင့်
“မဖြစ်ဖူးပါ ဘူး” ဟု ပြောရင်း ညင်ညင်သာသာခေါင်းခါပြသည်။
“သိပ်လည်း စိတ်မပူပါနဲ့လေ၊ ပေါ့လည်း မပေါ့နဲ့ပေါ့၊ လာတဲ့ ကိစ္စကတော့...”
စကားကိုဆက်မပြောဘဲ ဝေေ၀့စားပွဲရှေ့က ကုလားထိုင်ကို လှမ်းကြည့်လိုက်ကာ... “ထိုင်မယ်နော်”ဟု
ပြောလိုက်သည်။
“ဟုတ်ကဲ့...ထိုင်ပါ၊ ထိုင်ပါ” ဦးစောဟန်နှင့် အတူပင် ကုလားထိုင်ပေါ်၌ပြန်ထိုင်ချလိုက်ရာ
မျက်နှာချင်းဆိုင်ထိုင်နေရ သဖြင့် ဣန္ဒြေဆည်လျက်ခပ်ယို့ယို့ကလေးငြိမ်နေသည်။
“ဦး အိပ်ရာကနိုးတော့ပြောပါ၊ တိုက်ကသံကြိုးလာတယ်၊ ဦးတောင်းတဲ့ဈေး အရောင်းအဝယ်ဖြစ်မယ်။
ဒါပေမဲ့ ချက်ချင်း တော့ ခြင်နိုင်မယ်မထင်ဘူး ထင်တယ်၊ တုန်ကင်းတွေကတစ်ပတ်လောက်ကြာမှ
ရောက်လိမ့်မယ်”
“ချက်ချင်း မခြင်နိုင်ရင်တော့ မဖြစ်ဘူးထင်ပါတယ်၊ နောက်ထပ် ရောက်လာမယ့် စပါးတွေကရေစိုလာလို့
ဂိုဒေါင်ထဲ ရောထားဖို့ ခက်ပါတယ်၊ ဂိုဒေါင်ထဲက စပါးတွေအလျင်ခြင်ထုတ်ပြီးမှ သွင်းလို့ဖြစ်ပါမယ်”
ဦးစောဟန်သည် သဘောကျသော အပြုံးဖြင့် ပြုံးနားထောင်နေကာ-
“စပါးတွေက များသလား၊ ဘယ်တော့ရောက်မလဲ” ဟု စိုက်ကြည့်ရင်းမေးသည်။ ဝေေ၀သည် အံဆွဲထဲမှ
စာရင်းစာအုပ် အထူကြီးကို ယူထုတ်ကာဖွင့်ကြည့်လိုက်သည်။ “များပါတယ်၊ ဝေေ၀တို့ လယ်ထဲကပဲ
သုံးထောင်လောက် ရောက်ပါမယ်။ တခြားလယ် က စပါးလည်း လာပါလိမ့်ဦးမယ်”
ဦးစောဟန်သည် စာရင်းစာအုပ်နှင့်ဝေဝေ့ အား တစ်လှည့်စီကြည့်ရှုနေလျက်-
“သြော်...နာမည်က ဝေေ၀တဲ့လား” ဟု ဆို၍ ဝေေ၀သည်ပြုံးရယ်လျက် ခေါင်းညိတ်လိုက်သည်။
ဦးစောဟန်မှာ ဝေေ၀၏ကလေးဆန်သောအမူအရာကလေးနှင့်ခေါင်းညိတ်ကာ ပြုံးရယ်ပြလိုက်သည့်
မျက်နှာကိုစိုက် ကြည့်လျက် မျက်နှာသိပ်ချိုတာပဲဟု အောက်မေ့နေသည်။
“ဝေေ၀ ကျောင်းမနေဘူးလား” ဦးစောဟန်သည် ဘောင်းဘီအိတ်ထဲကလက်ကိုင်ပဝါကို ဆွဲထုတ်လျက်မျက်နှာသုတ်
လိုက်သည်။ “ဖေဖေ တစ်ယောက်တည်းဖြစ်နေလို့ ကျောင်းဆက်မနေပါဘူး၊ ခုနစ်တန်းအောင်ပြီး
ထွက်လိုက်ပါတယ်”
“သြော်...အဒေါ်ကြီး တစ်ယောက်ဟာ ဝေဝေ့မေမေမဟုတ်ဘူးလား”
“ကြီးတော်ပါ”
ဆက်လက်ဖော်ပြပါမည် ---
0 Comments