ပုသိမ်ကြီးမြို့နယ်၊ ရုံးသာကျေးရွာရှိ ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့်စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်း



 ပုသိမ်ကြီးမြို့နယ်၊ ရုံးသာကျေးရွာရှိ ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့်စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်း


နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၈


COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေ စေရန်အတွက် နယ်မြေခံတပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။

ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရုံးသာကျေးရွာရှိ အိမ်ထောင်စုများအတွက် ဆန်နှင့်ဆီများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူများ၏ လက်ဝယ်အရောက်သွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments