ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် အခြေခံပညာကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်


 

ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် အခြေခံပညာကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးပြုလုပ် 


နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၈ 


COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ရပ်ဆိုင်းထားရာမှ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့်ထိန်းသိမ်း စောင့်ရှောက်မှုများကို ဆောင်ရွက် ပေးလျက်ရှိသည်။ 



ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့ ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိအမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ကျောင်းဝင်းများအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် စာသင်ဆောင် များအတွင်း၊ အပြင် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

Post a Comment

0 Comments