အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် စုပေါင်း သန့်ရှင်းရေးပြုလုပ်

အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် စုပေါင်း သန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ မတ် - ၁

 



Covid-19  ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများအား ရပ်ဆိုင်းထားရှိရာမှ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့်ထိန်းသိမ်း စောင့်ရှောက်မှုများကို ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ချင်းပြည်နယ်၊ ပလက်ဝမြို့တို့ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းများ၊ အခြေခံ ပညာမူလတန်းကျောင်းများတို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက ကျောင်းဝင်းများအတွင်းရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် စာသင်ဆောင်များအတွင်း၊ အပြင်သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments