ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့များရှိ အများပြည်သူအသုံးပြု နေသော လမ်းများပေါ်တွင် သဲပုံများ၊ သဲအိတ်များ၊ ကျောက်ခဲများ၊ သစ်တုံးများ၊ ကွန်ကရစ်တုံး များနှင့်အခြားအတားအဆီးများ ချထားပြီး လမ်းများပိတ်ဆို့ထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ရှင်းလင်းဖယ်ရှား

ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့များရှိ အများပြည်သူအသုံးပြု နေသော လမ်းများပေါ်တွင် သဲပုံများ၊ သဲအိတ်များ၊ ကျောက်ခဲများ၊ သစ်တုံးများ၊ ကွန်ကရစ်တုံး များနှင့်အခြားအတားအဆီးများ ချထားပြီး လမ်းများပိတ်ဆို့ထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ရှင်းလင်းဖယ်ရှား

နေပြည်တော်၊ မတ် - ၁

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ် လျက်ရှိပြီး ဆူပူဆန္ဒပြသူများအနေဖြင့် အစိုးရလုပ်ငန်း ယန္တရားလည်ပတ်မှုကို အနှောင့်အယှက် ဖြစ်စေရန် ပြည်သူလူထုသွားလာအသုံးပြုနေသော လမ်းများအား လမ်းကြောင်းပိတ်ဆို့ခြင်း များနှင့် အဖျက်အမှောင့်လုပ်ရပ်များကို ပြုလုပ်လျက်ရှိသည်။



ထိုသို့ဥပဒေမဲ့လုပ်ရပ်များကို ကျူးလွန်လျက်ရှိရာ ယနေ့နံနက် ၅ နာရီခန့်တွင် ဆူပူဆန္ဒပြလူတစ်စုမှ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေစည်းခုံလမ်းရှိ ဂုံကျော်တံတားထိပ်တွင် လည်းကောင်း၊ နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် အမှတ်(၂)ရပ်ကွက် ကန်လမ်းထိပ်နှင့် နိဂြောဓလမ်းတို့တွင် လည်းကောင်း၊ နံနက် ၈ နာရီခွဲခန့်တွင် အမှတ်(၁) ရပ်ကွက်၊ ကွမ်းခြံ၊ ကမ်းနားလမ်းထိပ်တွင် လည်းကောင်း မော်တော်ယာဉ်များပေါ်မှ သဲများ လာရောက်စုပုံခြင်း၊ သဲအိတ်များချခြင်း၊ သစ်တုံးများ၊ ကျောက်တုံးကျောက်ခဲများ ချထားပြီး အဖျက်အမှောင့်များကို နည်းလမ်းအမျိုးမျိုးတို့ဖြင့် အများပြည်သူလူထု သွားလာအသုံးပြုလျက်ရှိ သောလမ်းများအား သွားလာမှုအခက်အခဲဖြစ်စေရန် ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ယင်းသို့အများပြည်သူများ အသုံးပြုလျက်ရှိသည့်လမ်းများအား ပိတ်ဆို့ထားသဖြင့် အဆိုပါနေရာများသို့ နံနက် ၁၁ နာရီခန့်တွင် ပုသိမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ သွားရောက်၍ ပိတ်ဆို့ထားသည့် သဲပုံများ၊ သဲအိတ်များ၊ ကျောက်ခဲများ၊ သစ်တုံးများနှင့် အတားအဆီးများအား မြေတူးယာဉ်ဖြင့် ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရှိရ သည်။


ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပေါ်၌ ဆူပူဆန္ဒပြသူလူတစ်စုက  ယနေ့နံနက်ပိုင်းတွင် လမ်း ၃၀ လမ်းနှင့် ၇၂ လမ်းတောင့်နှင့် လမ်း ၃၀ နှင့် ၇၃ လမ်းတောင့် တို့တွင် လည်းကောင်း၊ မြို့ပတ်လမ်းမှ လမ်း ၃၀ လမ်းအတိုင်း ၅၈ လမ်းမှ ၆၂ လမ်းအထိ လည်းကောင်း၊ ၆၂ လမ်းအတိုင်း ၂၆ လမ်းမှ ၃၅ လမ်းအထိ လည်းကောင်း ကွန်ကရစ်တုံးများ၊ အတားအဆီးများ၊ သစ်ချောင်းများချထားပြီး လမ်းများပိတ်ဆို့ထားသဖြင့် တပ်မတော်သား များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက လူအင်အား၊ စက်အင်အားများအသုံးပြုပြီး သွားရောက် ဖယ်ရှားရှင်းလင်းခဲ့ရသည်။ ၎င်းင်းအပြင် နေ့လယ်ပိုင်းတွင် ၃၅ လမ်းနှင့် ၇၃ လမ်းထောင့်တို့တွင် မန္တလေးမြို့တော် လုံခြုံရေးအတွက် တပ်ဆင်ထားသော CCTV များကို ဆူပူဆန္ဒ ပြသူလူတစ်စုက ဖျက်ဆီး၍ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ဆူပူဆန္ဒပြသူလူတစ်စုအနေဖြင့် အစိုးရအုပ်ချုပ်မှုယန္တရားကို ဟန့်တားနှောင့်ယှက် မှုများ ပြုလုပ်လျက်ရှိသည့်အပြင် အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများအားလည်း ဖိအားပေး ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ဟန့်တားခြင်းများကို ဆောင်ရွက်ခြင်း၊ အများပြည်သူများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများလုပ်ဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းစသည့် အသက်အန္တရာယ်အား ခြိမ်းခြောက်သည်အထိ မင်းမဲ့ စရိုက်ဆန်သည့် အကြမ်းဖက်လူအုပ်စု (Anarchy  Mob  )အသွင်သို့ ဦးတည်ဆောင်ရွက်လာ သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သလိုဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပြီး အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments