တောင်ငူမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး ခေတ္တပိတ်ထားရာမှ ယနေ့တွင် ပြန်လည် ဖွင့်လှစ်၍ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆောင်ရွက်ပေး

တောင်ငူမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး ခေတ္တပိတ်ထားရာမှ ယနေ့တွင် ပြန်လည် ဖွင့်လှစ်၍ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆောင်ရွက်ပေး

နေပြည်တော်၊  မတ် - ၁



ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး (ကုတင်-၅၀၀)အား ခေတ္တပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်ရန်အတွက် ဆေးရုံအုပ်ကြီး ဒေါက်တာ စောဘိုဇော်ဝင်း ဦးစီး ကျန်းမာရေးဝန်ထမ်း ၂၀ ဦးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ဆေးရုံ ၌ ပြန်လည်တာဝန်ထမ်းဆောင်နေစဉ် ဆေးရုံပြန်လည်ဖွင့်လှစ်မှုကို မလိုလားသည့် ဆူပူဆန္ဒပြသူ လူတစ်စုက ဆေးရုံအတွင်းသို့ ဝင်ရောက်လာပြီး ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအား အတင်းအဓမ္မပိတ်ပင်းတားဆီးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်မှုကြောင့် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက သွားရောက်၍ ဥပဒေနှင့်အညီ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သဖြင့် ဆေးရုံပုံမှန်ဖွင့်လှစ်၍ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။ 

အဆိုပါတောင်ငူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန် ၈၀ ဦး၊ သူနာပြု ၁၇၃ ဦး၊ ကျန်းမာရေးဝန်ထမ်း ၈၂ ဦးရှိကြောင်း သိရှိရပြီး ယနေ့တွင် ဆေးရုံအုပ် ကြီး စောဘိုဇော်ဝင်း ဦးစီး၍ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း ၃၈ ဦးဖြင့် ဒေသခံ ပြည်သူများ၏ ဆေးကုသမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ထိုသို့ဆောင်ရွက် ပေးလျက်ရှိသော ဆရာဝန်၊ သူနပြု၊ ကျန်းမာရေးဝန်ထမ်းများကို ယနေ့တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments