ကန့်ဘလူမြို့ ပြည်သူ့ဆေးရုံမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအား CDM တွင် ပါဝင်လှုပ်ရှားမှုအပေါ် ဒေသခံပြည်သူများက ငြိမ်းအေးစွာ ဆန္ဒထုတ်ဖော်

ကန့်ဘလူမြို့ ပြည်သူ့ဆေးရုံမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအား CDM တွင် ပါဝင်လှုပ်ရှားမှုအပေါ် ဒေသခံပြည်သူများက ငြိမ်းအေးစွာ ဆန္ဒထုတ်ဖော်

နေပြည်တော်၊ မတ် - ၁




စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘူလူမြို့ ပြည်သူ့ဆေးရုံမှ  ဆရာဝန်၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းစုစုပေါင်း ၁၂၃ ဦးရှိသည့်အနက် လုပ်ငန်းခွင်ဝင်ရောက်သူ ၂၅ ဦးသာ ရှိပြီး ကျန်ဝန်ထမ်းအများစုမှာ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုဘဲ CDM တွင်ပါဝင်ပြီး တာဝန်ပျက်ကွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံပြည်သူလူထု၏ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက် ပေးရန်အခက်အခဲများဖြစ်ပေါ်နေသည့်အတွက် အဒေသခံပြည်သူများက ယနေ့နံနက်ပိုင်းတွင် CDM ပြုလုပ်သော ကျန်းမာရေးဝန်ထမ်းများ အလိုမရှိ၊ နာမကျန်းဖြစ်နေသော ဆင်းရဲသား ပြည်သူများကို ကိုယ်ချင်းစာပါ၊ ကျင့်ဝတ်နှင့်မညီသော ဆရာဝန်များ အလိုမရှိစသည့် စာသားပါ ဆိုင်းပုဒ်များ၊ ကြွေးကြော်သံများဖြင့် ရှုံ့ချဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments