စမ်းချောင်းမြို့နယ်၌ လူစုခွဲရန် သွားရောက်ရှင်းလင်းသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ရေနွေးပူဖြင့် လောင်းချ

စမ်းချောင်းမြို့နယ်၌ လူစုခွဲရန် သွားရောက်ရှင်းလင်းသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ရေနွေးပူဖြင့် လောင်းချ

နေပြည်တော်၊ မတ် - ၁




၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက် နေ့လယ် ၂ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ဗားကရာလမ်းနှင့် အောင်တော်မူလမ်းကြား၌ ဦးဆောင်သူ(စိစစ်ဆဲ)ပါ အင်အား ၁၀၀ ဦးခန့်သည် စုဝေးဆန္ဒဖော်ထုတ်နေသဖြင့် လုံခြုံရေး ဆောင်ရွက်နေသော ဒုတိယရဲမှူးကြီး လှိုင်မင်းစိုး ဦးစီးအဖွဲ့က လူစုခွဲရန် သွားရောက်ရှင်းလင်း စဉ် အောင်တော်မူလမ်းအရောက်၌ လုံခြုံရေးတပ်ဖွဲ့များပေါ်သို့ မဒေလီယာမောင်၊ ၃၃ နှစ်၊ ဗမာ/ဗုဒ္ဓ၊ ကုမ္ပဝန်ထမ်း၊(ဘ)ဦးမြင့်အောင်၊ တိုက်အမှတ်(၂၅)၊ (၇)လွှာ အောင်တော်မူလမ်း၊ မြေနီကုန်းမြောက်ရပ်ကွက်၊ စမ်းချောင်းမြို့နေသူ အပါအဝင် အမျိုးသမီး ၅ ဦးက ဆိုးရွားသည့် လုပ်ရပ်ဖြစ်သည့် နေအိမ်တိုက်ခန်းပေါ်မှ ရေနွေးပူဖြင့်လောင်းချခဲ့သော်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၌ ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာ မရရှိခဲ့ကြောင်းနှင့် မဒေလီယာမောင် အပါအဝင် အမျိုးသမီး ၅ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် စီစဉ်လျက်ရှိ ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments