ရန်ကုန်တိုင်းဒေသကြီးအတွင်း လူစုလူဝေးဖြင့် မင်းမဲ့စရိုက်ဆန်စွာ ဆူပူအုံကြွသူများအား ဥပဒေနှင့်အညီ ထိန်းသိမ်း

 ရန်ကုန်တိုင်းဒေသကြီးအတွင်း လူစုလူဝေးဖြင့် မင်းမဲ့စရိုက်ဆန်စွာ ဆူပူအုံကြွသူများအား ဥပဒေနှင့်အညီ ထိန်းသိမ်း 


နေပြည်တော်၊ မတ် - ၁ 


ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အချို့သော မြို့ကြီးများ၌ မင်းမဲ့စရိုက်ဆန်သည့် အကြမ်းဖက်လှုပ်ရှားမှုများကို လုံခြုံရေးတပ်ဖွဲ့ဝ်များက အနည်းဆုံးအင်အားဖြင့် လူစုခွဲရသည့် သတင်းအား ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ နောက်ဆက်တွဲသတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ အနော်ရထာလမ်းနှင့် ဗိုလ်အောင်ကျော်လမ်း၊ သာကေတမြို့နယ်၊ အတွင်းရှုခင်းသာလမ်းနှင့် (၇)ဈေးလမ်းထောင့်၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ ပဒုမ္မာပန်းခြံအနီး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးရှေ့၊ ကြည့်မြင်တိုင်မြို့နယ်၊ တိုင်းပညာရေးမှူးရုံးရှေ့၊ ရန်ကင်းမြို့နယ်၊ ရန်ကင်းလမ်းနှင့် ကျောက်ကုန်း လမ်းထောင့်၊ မြောက်ဒဂုံမြို့နယ်၊ ပင်လုံရင်ပြင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဇာ ရှေ့နှင့် သမ္မတရုပ်ရှင်ရုံအနီး၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းနှင့် ပါရမီလမ်းထောင့်မှ ဘူတာရုံ လမ်းထောင့်အထိ၊ ပန်းဘဲတန်းမြို့နယ်၊ တော်ဝင်ခုံးတံတား၊ ဗဟန်းမြို့နယ်၊ မြန်မာပလာဇာရှေ့၊ လမ်းမတော်မြို့နယ်၊ ဲကညခအငသည မော်တင်ရှေ့နှင့် မဟာဗန္ဓုလလမ်းတို့တွင် ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၇ နာရီခွဲခန့်မှစ၍ လူစုလူဝေးပြုလုပ်ပြီး ကြွေးကြော်သံများကြွေးကြော်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းတို့ကိုလည်း သတင်းများ၌ ဖော်ပြထားခဲ့ပြီး ဖြစ်ပါသည်။ 

အဆိုပါဖြစ်စဉ်များအတွင်း အကြမ်းဖက်လူအုပ်ကြီးများအား အနည်းဆုံးအင်အားဖြင့် လူစုခွဲဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်သူအချို့နှင့် ခေါင်းဆောင်အချို့တို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး ဖမ်းဆီးထိန်းသိမ်းထားရှိကြောင်း၊ လူစုခွဲဆောင်ရွက်စဉ် ကြည့်မြင်တိုင်မြို့နယ်၊ တိုင်းပညာရေးမှူးရုံးရှေ့၌ အမျိုးသမီးတစ်ဦး ံနမေအ ဗအအခေု ရရှိကာ သေဆုံးခဲ့ကြောင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးရှေ့တွင် အမျိုးသား ၂ ဦးနှင့် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်း၊ စံပြဈေးမှတ်တိုင်အနီးတွင် အမျိုးသား ၁ဦးတို့မှာ .၁၂ ဗို့ရာဘာကျည် ထိမှန် သေဆုံးခဲ့ကြောင်းနှင့် သေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းများတွင် သေမှု သေခင်းဖွင့်လှစ်၍ စုံစမ်းလျက်ရှိသည်။ 

ပြည်သူများအနေဖြင့် သွေးဆောင်စည်းရုံးသူ NLD နိုင်ငံရေးသမားများနှင့် ပြည်ပ အားကိုးပုဆိန်ရိုးများ၏ စည်းရုံးမှုအကြံဆိုးများကို လက်သင့်မခံဘဲ မိမိတို့၏ အသက်မွေးဝမ်း ကြောင်းဆိုင်ရာ ကိစ္စရပ်များကိုသာ အေးချမ်းတည်ငြိမ်စွာ လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အား လေးစားလိုက်နာနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

Post a Comment

0 Comments