ကျောက်ဖြူမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေတစ်စီး အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်

 ကျောက်ဖြူမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေတစ်စီး အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ် 


နေပြည်တော် ၊ မတ် - ၁ 


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ကျောက်သယ်လှေ ၁ စီး ရေဝင်နစ်မြုပ်လျက် ရှိကြောင်း သိရှိသဖြင့် သွားရောက်စစ်ဆေးရာ ဖေဖော်ဝါရီ ၂၈ ရက်နံနက် ၆ နာရီခွဲခန့်တွင် အဆိုပါမြို့၏ မြောက်ဘက်ရေမိုင် ၁၄ မိုင်ခွဲခန့်အကွာသို့အရောက်၌ ရေဝင်နစ်မြုပ်နေသည့် ကုမုဒြာအမည်ရှိ ကျောက်သယ်လှေ ၁ စီးအားတွေ့ရှိရပြီး လှေပေါ်ရှိ လှေသား ၁၀ ဦး အား ရေယာဉ်ပေါ်သို့ တင်ဆောင်ကာ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် စားသောက်ဖွယ်ရာများပေးအပ်ခြင်း စသည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက် ပေးပြီး သက်ဆိုင်ရာသို့လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments