ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား Covid-19 ရောဂါ ကာကွယ်ဆေးထိုးနှံ

 ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား Covid-19  ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော်၊ မတ် - ၁



တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား  Covid-19  ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ညနေပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြောက်ဦးဆရာတော် မဟာကမ္မဌာနာစရိယ အဂ္ဂမဟာကမ္မဌာနာစရိယ ဝနဝါသီ ဘဒ္ဒန္တ ဝါယာမိန္ဒအား ကျားရုပ်ပရိယတ္တိစာသင်တိုက်၌လည်းကောင်း၊ ဓမ္မသုခဘုန်းတော်ကြီး ကျောင်းတိုက်မှ သံဃာတော် ၃ ပါးအား အဆိုပါကျောင်းတိုက်၌လည်းကောင်း အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ ဆေးအဖွဲ့များက ကျန်းမာရေးစစ်ဆေးပေးပြီး Covid-19  ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင် များက စစ်တွေမြို့၊ ကျားရုပ်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ မြောက်ဦးဆရာတော် မဟာကမ္မဌာနာစရိယ အဂ္ဂမဟာကမ္မဌာနာစရိယ ဝနဝါသီ ဘဒ္ဒန္တ ဝါယာမိန္ဒအား သွားရောက် ဖူးမြော်ကြည်ညိုပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments