လှိုင်မြို့နယ်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ Quarantine Center မ တွင်ထားရှိသည့် မလေးရှားနိုင်ငံမှပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား သွားရောက်ကြည့်ရှု အားပေး

လှိုင်မြို့နယ်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ Quarantine Center မ တွင်ထားရှိသည့် မလေးရှားနိုင်ငံမှပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား သွားရောက်ကြည့်ရှု အားပေး 



နေပြည်တော်၊ မတ် - ၁ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ မလေးရှားနိုင်ငံမှ ရေကြောင်း ခရီးဖြင့် ဖေဖော်ဝါရီ ၂၇ ရက်တွင်ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ၁၀၈၆ ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ Covid-19 ရောဂါ သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိသည့် Quarantine Center တွင်ထားရှိပြီး လိုအပ်သည့်ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ 



ယင်းသို့ ဆောင်ရွက်ပေးရာတွင် နေရပ်ပြန် မြန်မာနိုင်ငံသားများအား တပ်မတော် သားပါရဂူများ၊ ဆရာဝန်များက အထွေထွေရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးပြီး ၎င်းင်းတို့ ကောင်းမွန်စွာ နေထိုင်စားသောက်ရေး များကို တပ်မတော်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် Quarantine ထားရှိပြီးပါက ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်နိုင်ရး လိုအပ်သည်များ ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ 

Post a Comment

0 Comments