နိုင်ငံ့တာဝန်ထမ်းဆောင်လျက်ရှိသော ယာဉ်ထိန်းရဲမေများအား ဃီြ တွင်ပါဝင်စေရန် ခြိမ်းခြောက်အကြပ်ကိုင်မှုဖြစ်ပွား

 နိုင်ငံ့တာဝန်ထမ်းဆောင်လျက်ရှိသော ယာဉ်ထိန်းရဲမေများအား ဃီြ တွင်ပါဝင်စေရန် ခြိမ်းခြောက်အကြပ်ကိုင်မှုဖြစ်ပွား 

နေပြည်တော်၊ မတ်- ၁ 


ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဦးဝိစာရလမ်းနှင့် ဓမ္မစေတီလမ်း မီးပွိုင့်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ယာဉ်ထိန်းရဲမေများအား CDM တွင်ပါဝင်လာ စေရန် ခြိမ်းခြောက်အကြပ်ကိုင်ပြီး ပြည်သူပိုင်အဆောင်အဦအား ရိုက်ခွဲဖျက်ဆီးနေသည့် ဗွီဒီယိုဖိုင် ၁ ခု လူမှုကွန်ရက်စာမျက်နှာပေါ်၌ ပျံ့နှံ့လျက်ရှိသည်။ 

၎င်းဖြစ်စဉ်ကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ်သစ္စာရှိစွာဖြင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့်ပတ်သက်၍ စော်ကားပြုမူမှုများ၊ Social punishment ပြုလုပ်မှုများ၊ အခြားဖိအားပေးအကြပ်ကိုင်မှုဖြစ်စဉ်များ ဖြစ်ပေါ်လာပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း နှင့် ယခု ဖြစ်စဉ်တွင် ဦးဆောင်သူများနှင့်ပါဝင်ပတ်သက်သူများကို အရေးယူနိုင်ရေး စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။ 

Post a Comment

0 Comments